ဘီးလင်းတွင် လုံခြုံရေးတပ်ဖွဲ့ဝင် ၁၂ ဦးသေပြီး ၁၅ ဦးဒဏ်ရာရတယ်လို့ Mizzima က သတင်းအမှားရေး

အောက်တိုဘာလ ၁၇ ရက်နေ့တွင် မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဒေါက်ရပ်ကျေးရွာသို့လာသော လုံခြုံရေးတပ်ဖွဲ့၏ကင်းပုန်းများကို တော်လှန်ရေးအင်အားစုများ၏ တိုက်ခိုက်ခြင်းခံရ၍ ၁၂ ဦးသေဆုံး ကာ ၁၅ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း Mizzima မှ ရေးသားထားတာတွေ့ရှိခဲ့ပါသည်။

ဖြစ်စဉ်အမှန်မှာ အောက်တိုဘာလ ၁၇ ရက်နေ့တွင် မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဒေါက်ရပ်ကျေးရွာအနီးတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် PDF များတိုက်ပွဲဖြစ်ပွားခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင် ၁ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်းသတင်းပေးပို့ချက်အရသိရှိရပါတယ်။ Mizzima မှ ဖြစ်စဉ်အမှန်မရေးဘဲ တပ်မတော်ကို တမင်အပုတ်ချကာ တပ်ဖွဲ့ဝင် ၁ ဦးသာဒဏ်ရာရရှိခဲ့တာကို ပုံကြီးချဲ့အမြတ်ထုတ်ကာ လုံခြုံရေးတပ်ဖွဲ့ဝင် ၁၂ ဦးသေဆုံးပြီး ၁၅ ဦးဒဏ်ရာရတယ်လို့ လိမ်ညာ ရေးသားထားခြင်းဖြစ်ပါသည်။