ဘရိုက်တန်ကို ရှုံးခဲ့တဲ့ပွဲအပြီး အဝတ်လဲခန်းမှာ မန်ယူကစားသမား ၄ ဦး အချင်းများ

မန်ယူကစားသမား ၄ ဦးဟာ ဘရိုက်တန်ကို ရှုံးနိမ့်ခဲ့တဲ့ပွဲအပြီး အသင်းရဲ့အဝတ်လဲခန်းမှာ အချင်းများခဲ့ကြောင်း သတင်းထွက်နေပါတယ်။ မန်ယူဟာ အိမ်ကွင်းကစားခဲ့ရပေမယ့်ဂိုးပြတ်ရှုံးနိမ့်ခဲ့တာဖြစ်ပြီး ဒီရာသီရဲ့တတိယမြောက် ပရီးမီးယားလိဂ်ရှုံးပွဲပါ။

အဝတ်လဲခန်းအတွင်း အချင်းများခဲ့ကြသူတွေက မန်ယူအသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်အပါအဝင် ကွင်းလယ်လူတွန်မီနေး၊နောက်ခံလူတွေဖြစ်တဲ့ မာတီနက်ဇ်နဲ့ လင်ဒီလော့ဖ်တို့ ဖြစ်ကြောင်း The Sun က ဆိုပါတယ်။ ဖာနန်ဒက်စ်ဟာ မက်ဂွိုင်းယားရဲ့နေရာမှာ အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူနေပြီး ရလဒ်ဆိုးတွေအပေါ် ဒေါသထွက်နေသူပါ။