ဘန်ကောက်က ဆိုးရွားတဲ့လေထုညစ်ညမ်းမှုကြောင့် စာသင်ကျောင်းတွေ ပိတ်ရတဲ့အထိဖြစ်လာ

မီးခိုးငွေ့နဲ့ ဖုန်မှုန့်တွေ ပါဝင်ပြီး မြူမှုန်တွေနဲ့ အုပ်ဆိုင်းနေတဲ့ ထိုင်းနိုင်ငံမြို့တော် ဘန်ကောက်က ညစ်ညမ်းလေထုကြောင့် စာသင်ကျောင်းတွေ အများအပြားက ပိတ်ထားခဲ့ရတယ်လို့ သိရပါတယ်။

ချူလာလောင်ကွန်း တက္ကသိုလ် သရုပ်ပြအလယ်တန်း ကျောင်းနဲ့ ဂျင်ဒါ ဘန်ရန်ကျောင်းတွေက ကျောင်းသားတွေရ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ထိခိုက်မှုတွေကြောင့် ယာယီပိတ်ထားခဲ့ရပြီး လာမယ့် တနင်္လာနေ့မှာ ပြန်လည်ဖွင့်လှစ်မှာ ဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။