ဗီလာကွင်းမှာ ၄ ဂိုးပြတ်နိုင်တဲ့ စပါး

မတ် ၁၀ရက်နေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်(၂၈)အဖြစ် လီပါပူးနဲ့မန်စီးတီးတိုပွဲမှာတော့ မန်စီးတီးက ဂျွန်စတုန်းက ပထမပိုင်းမှာ ဦးဆောင်ဂိုးသွင်းယူခဲ့ပေမဲ့ ဒုတိယပိုင်းအရောက် လီပါပူးက မက်အလစ္စတာက ပင်နယ်တီကနေတဆင့် ခြေပဂိုးပြန်သွင်းခဲ့ပြီး ပွဲပြီးချိန်မှာတော့ တစ်ဖက်တစ်ဂိုးစီသရေကျခဲ့ပါတယ်။

ချန်ပီယံလိဂ်၀င်ခွင့်အတွက် စပါးကလည်း အရေးပါတဲ့ ၃မှတ်ရယူခဲ့ပြီး ဗီလာကွင်းမှာ အကောင်းဆုံး ခြေစွမ်းပြခဲ့သလို ဒီနှစ်ရာသီ ဂိုးအပြတ်ဆုံးပွဲဖြစ်ပြီး ၄ဂိုးပြတ်အထိသွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။