ဗဟိုဘဏ်က ဒေါ်လာ ၁၅ သန်းထုတ်ရောင်း

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က နိုင်ငံခြားငွေကြေးဈေးကွက်မှာ အမေရိကန်ဒေါ်လာ ၁၅ သန်းကို ဇန်နဝါရီလ ၁၅ ရက်မှာ ရောင်းချပေးခဲ့ကြောင်း သိရပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁ ရက် နဲ့ ၅ ရက်ကလည်း ဒေါ်လာ သန်း ၃၀ နီးပါး ထုတ်ရောင်းခဲ့ပြီး အခုတစ်ကြိမ်ကတော့ ဒီလအတွင်း တတိယအကြိမ်မြောက် ထုတ်ရောင်းပေးတာလည်း ဖြစ်ပါတယ်။ အခုလို ဒေါ်လာတွေ ထုတ်ရောင်းပေးခဲ့တဲ့အတွက် သွင်းကုန်လုပ်ငန်းရှင်တွေအနေနဲ့လည်း ဒေါ်လာဝယ်ယူရေး အခက် အခဲ အထိုက်အလျောက်ဖြေရှင်းနိုင်တယ်လို သိရပါတယ်။ ဗဟိုဘဏ်အနေနဲ့ နိုင်ငံခြားငွေကြေးဈေးကွက်အတွင်း အရောင်း အဝယ်ပြုလုပ်ရာမှာ နိုင်ငံခြားငွေလဲနှုန်းကို သတ်မှတ်ပေးမှာမဟုတ်တော့ဘဲ ဈေးကွက်ပေါက် ဈေးအတိုင်း လွတ်လပ်စွာ ဆောင်ရွက်ခွင့်ပြုတယ်လို ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၅ ရက်က ကြေညာထားပြီး ဖြစ်ပါတယ်။
ဇန်နဝါရီလ ၁၆ ရက် မနက်ပိုင်းမှာတော့ နိုင်ငံခြားငွေကြေး ဈေးကွက်မှာ အမေရိကန်တစ်ဒေါ်လာကို ၃,၄၀၅ ကျပ် ကနေ ၃,၄၃၅ ကျပ်ဝန်းကျင် ပေါက်ဈေးရှိတယ်လို သိရပါတယ်။