ဖားဆောင်းမြို့နယ် ၃ ရက်တာ တိုက်ပွဲတွင် လုံခြုံရေးတပ်ဖွဲ့ဝင် ၂၀ ဦး သေဆုံးတယ်လို့ Mizzima မှ သတင်းအမှားရေး

ဇွန်လ ၂၁ ရက်နေ့မှစ၍ ဖားဆောင်းမြို့နယ်၊ ကွက်သစ်တောင်ပေါ် ကျေးရွာအခြေစိုက် ခလရ (၁၃၄)၊ ခလရ (၁၃၅) ကင်းစခန်းများနှင့် ပတောင် (ဖားဆောင်း) အခြေစိုက် BGF တပ်ရင်းဗျူဟာကုန်းတို့အား ကရင်နီတပ်မတော် (KA)၊ ကရင်နီအမျိုးသားများ ခုခံကာကွယ်ရေးတပ် (KNDF)၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များက အင်အား ၃၀၀ ကျော်ဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ” ၂၁ ရက်ကနေ ၂၃ ရက်နေ့အထိ တိုက်ပွဲပြင်းထန်နေတာပါ။ သူတို့ဘက်က ၂၀ လောက်ကျတယ်။ ကိုယ်တွေဘက်က ဒဏ်ရာရတဲ့သူရှိပေမယ့် ကျဆုံးသူမရှိသေးဘူး” ဟု Mizzima မှ ရေးသားထားတာ တွေ့ရှိခဲ့ပါတယ်။

ဖြစ်စဉ်အမှန်မှာ ဇွန်လ ၂၁ ရက်နေ့မှ ၂၃ ရက်နေ့ထိ ဖားဆောင်းမြို့နယ်အတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် KNDF/PDF ပူးပေါင်းအဖွဲ့များ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့သော်လည်း လုံခြုံရေးတပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိခဲ့ကြောင်း ဒေသတွင်းသတင်းပေးပို့ချက်အရ သိရှိရပါတယ်။ Mizzima မှ ဖြစ်စဉ်အမှန်မရေးဘဲ လက်နက်ကိုင် ၂ ဖွဲ့ တိုက်ပွဲများတွင် စစ်တပ်ဘက်က အသေများတယ်ဆိုပြီး ယုတ္တိမရှိ အပုတ်ချ၍ လိမ်ညာရေးသားထားခြင်း ဖြစ်ပါတယ်။

Misinformation

FACT-CHECK