ဓားစာခံဖမ်းဆီးထားသည့် တရုတ် ၁၀၀ ခန့်အား မျောက်သုံးကောင်အဖွဲ့သတ်ဖြတ်

မျောက်သုံးကောင်အဖွဲ့များအနေဖြင့် တိုက်ပွဲကာလအတွင်း နမ့်တစ်ကို ဓားစာခံအနေဖြင့် ဖမ်းဆီးခေါ်ဆောင်သွားခဲ့တဲ့ ချင်းရွေဟော်သားတွေထဲက တရုတ် ၁၀၀ ခန့် ကို မျောက် ၃ ကောင်အဖွဲ့မှ သတ်ဖြတ်လိုက်တယ်လို့ တရုတ်သတင်းရပ်ကွက်က ၂၉ ရက်နေ့က သတင်းထွက်လာပါတယ်။ သူတို့ရဲ့ ပြောပြချက်အရ အဆိုပါသတတ်ဖြတ်ခံရသူများအား ၂၈ ရက်မှာကတည်းက သတ်ဖြတ်လိုက်တာဖြစ်မယ်လို့လည်း ဒေသခံတွေကအခိုင်အမာပြောနေကြကြောင်း သိရှိရပါတယ်။