ပြည်သူလူထုများအပေါ် ကျန်းမာရေး၊ လူနေမှုဘဝ လုံခြုံရေးအတွက် ဆောင်ရွက်ပေးလျက်ရှိ

စစ်ကိုင်းတိုင်းဒေသကြီးထဲက ကျေးရွာတွေမှာ PDF တွေရဲ့ မပြေးမနေရ အမိန့်ကြောင့် ဒေသခံ အညာသူ၊ အညာသားတွေဟာ ဦးတည်ရာမဲ့ ပြေးလွှားနေရတယ်လို့ ဒေသခံတွေရဲ့ ပြောကြားချက်များအရ သိရှိရပါသည်။
PDFတွေရဲ့ ပြေးကြဆိုရင် ပြေးကိုပြေးရတာ။ အကြောင်းပြချက်ကတော့ စစ်ကြောင်း လာပြီ ပြေးကြပေါ့။ ရွာသူ/ရွာသားတွေ ပြေးကြပြီဆိုရင် သတင်းဌာနတွေဆီ သတင်းပေး ဖိုဆိုပြီး ဓာတ်ပုံတွေ တဖြတ်ဖြတ်ရိုက်ကြတာပဲ။
ပြည်ဖျက်မီဒီယာအုပ်စုတွေဟာ PDF တွေနဲ့အဆက်အသွယ်လုပ်၊ ငွေပေးပြီး ဝါဒဖြန့်သတင်းတွေကို လုပ်ကြံဖန်တီးနေတာကြောင့် ဒေသခံ အညာသူ၊ အညာသားတွေဟာ ဆန္ဒပြဆိုရင် လိုက်ပြကြရပြီး၊ ပြေးဆိုရင်လည်း ပြေးပေးနေရတယ်လို ဒေသခံတွေရဲ့ ပြောပြမှုအရ သိရပါတယ်။
၂၀၂၃ခုနှစ် မတ်လ ၅ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြိုနယ်၊ လက္ကပင်ကျေးရွာအနီးတစ်ဝိုက်တွင် အခြေပြု၍ PDF အမည်ခံ အကြမ်းဖက်သမားများမှ ဒေသအတွင်း မိုင်းထောင်ဖောက်ခွဲခြင်း၊ မီးရှိခြင်း၊ ဆက်ကြေးကောက်၊ ဓားပြတိုက်၊ပြန်ပေးဆွဲ၊ သတ်ဖြတ်မှုဖြင့် အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း ဒေသခံပြည်သူများ၏ သတင်းပေးချက်များအရ လုံခြုံရေးအဖွဲဝင်များမှ နယ်မြေရှင်းလင်းမှုများ ပြုလုပ်ခဲ့ရာ PDF အကြမ်းဖက်များမှာ ထွက်ပြေးသွားခဲ့ပြီး ဒုက္ခရောက်နေကြသော ဒေသခံပြည်သူများ၏ ကျန်းမာရေးနှင့် လူနေမှုဘဝ လုံခြုံရေးတို့အတွက် လုံခြုံရေးအဖွဲများက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရပါသည်။
ပြည်ဖျက်မီဒီယာများသည် ထိုကဲ့သို လုံခြုံရေးအဖွဲများက ဆောင်ရွက်ပေးလျက် ရှိသည်ကို မြေပြင်သတင်းအမှန်အား ရေးသားဖော်ပြခြင်းမရှိဘဲ ဒေသခံ ၂၀၀ ကျော်နီးပါးကို ဖမ်းဆီးထားကြောင်း ဝါဒဖြန့် ရေးသားထားကြောင်း တွေ့ရှိရ၍ မြေပြင်သတင်းအမှန်အား ဖော်ပြပေးလိုက်ရပါတယ်။
တပ်မတော်အနေဖြင့် အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၏ ကျန်းမာရေး စောင့်ရှောက်မှုများကိုသာမက တိုင်းဒေသကြီးအတွင်းနှင့် ပြည်နယ်အသီးသီးရှိ မြိုများမှ သံဃာတော်၊ သက်ကြီးဘိုးဘွားများနှင့် ဒေသခံပြည်သူများ၏ ကျန်းမာရေးနှင့် လူနေမှုဘဝ လုံခြုံရေးတိုအတွက် အစဉ်အပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရပါတယ်ရှင်…