ပြည်သူများသို့ မုန်တိုင်းသတိပေးချက်

European Centre for Medium-Range Weather Forecasts(ECMWF) Computer Model ၏ ကြိုတင်ခန့်မှန်းချက်များအရ မေလ ၁၂ ရက်တွင် ဧရာဝတီမြစ်ဝကျွန်းပေါ် ကမ်းရိုးတန်းရှိ ဖျာပုံမြို့နှင့် ကွမ်းခြံကုန်းမြို့ တောင်ဘက် ကမ်းရိုးတန်းအနီးမှတစ်ဆင့် ကုန်းတွင်းသို့ လေတိုက်နှုန်း(Wind Gust)မှာ တစ်နာရီ ၁၂၅ မိုင်ခန့်အထိ အားကောင်းသော ဆိုင်ကလုန်း မုန်တိုင်း ဝင်ရောက်လာနိုင်….

ဆိုင်ကလုန်းမုန်တိုင်းသည် သံလျင်မြို့၊ ခရမ်းမြို့၊ သုံးခွမြို့၊ ကဇင်းမြို့၊ အင်းတကော်မြို့၊ ပဲခူးမြို့၊ ဝေါမြို့၊ ဒိုက်ဦးမြို့၊ ညောင်လေးပင်မြို့များမှ ရှမ်းပြည်နယ်အရှေ့ပိုင်း ဟိုမိန်းမြို့နှင့် မုံးထဒေသအထိ ရောက်ရှိနိုင်….

ဆိုင်ကလုန်းမုန်တိုင်းကြောင့် တနင်္သာရီတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်တောင်ပိုင်းဒေသအချို့၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးများတွင် မိုးသည်းထန်စွာ ရွာသွန်းမည်ဖြစ်ပြီး ရခိုင် ပြည်နယ်မြောက်ပိုင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ချင်းပြည်နယ်၊ ကချင်ပြည် နယ်ဒေသများတွင် မုန်တိုင်းအရှိန်သက်ရောက်နိုင်မယ်လို့ ခန့်မှန်းထားပါတယ်….