အလွန်ကြောက်စရာကောင်းသော မူးယစ်ဆေးဝါးများကို အလွန်အကျွံ သုံးစွဲနေမှုပြသာနာများ နှင့် အမေရိကန်နိုင်ငံ

အမေရိကန်နိုင်ငံ၏ လမ်းမကြီးများပေါ်တွင် မူးယစ်ဆေးဝါးများကိုအလွန်အကျွံစွဲလန်းသူများ၏ ထိတ်လန့်ဖွယ်ရာ အပြုအမူများပါရှိသည့် ဗီဒီယို သတင်းမှတ်တမ်းများ ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံတွင် မူးယစ်ဆေးဝါး လွန်ကဲစွာအသုံးပြုမှုများကြောင့် လူသေဆုံးမှုသည် ပြီးခဲ့သည့်၂၀၁၆ခုနှစ်တွင် ၁၀၀,၀၀၀ ထိရှိခဲ့ပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြစ် မူးယစ်ဆေးဝါးသုံးစွဲမှု ၅.၇ ရာခိုင်နှုန်း မှ ၂၀၂၁ခုနှစ်တွင် ၂၁.၆ ရာခိုင်နှုန်း သို့ ခုန်တက်သွားခဲ့ကြောင်း US Disease Control and Prevention စင်တာများမှ တရားဝင်ထုတ်ပြန်ကြေညာခဲ့ပါတယ်။

စိတ်ကြွမူးယစ်ဆေးများလွန်ကဲစွာအသုံးပြုမှုများကြောင့် သေဆုံးမှုအရေ အတွက်သည်အမေရိကန်နိုင်ငံတွင် ၄ဆကျော်ထိ တိုးလာခဲ့ပြီး Cocaineကြောင့် သေဆုံးမှုအရေတွက်ဟာ ၂ဆ ထိတိုး လာခဲ့တာလည်းဖြစ်ပါတယ်။

ယခုလို အမေရိကန်နိုင်ငံသားတွေ သေစေနိုင်လောက်တဲ့ ပြဿနာများကို ဖြေရှင်းရာမှာ အမေရိကန်နိုင်ငံရဲ့ အစိုးရဟာ ဘာကြောင့် နှေးကွေးနေကြတာလည်းလို့ ထင်မြင်မိကြမှာတော့ အမှန်ပါ။

အဆိုပါပြဿနာများရဲ့ အရင်းခံ အကြောင်းအရင်းများကတော့ အမေရိကန်နိုင်ငံမှာ ဘယ်သူမဆို မူးယစ်ဆေးဝါးများကို လွယ်ကူစွာရနိုင်တယ်ဆိုတဲ့ အကြောင်းအရင်းလို့ တချို့က ထင်မြင် ပြောဆ်ိုနေကြပေမဲ့ တကယ်တော့ အမေရိကန်နိုင်ငံကြီး ကိုယ်တိုင်က မူးယစ်ဆေးဝါးများကိုထုတ်လုပ် ရောင်းဝယ်ဖောက်ကားမှုများရဲ့ မှောင်မိုက်နေသော ကမ္ဘာကြီးဖြစ်နေလို့ပါ။

crd;