ပလက်ဝဒေသ ထရွန်အိုင်သတင်း

မနေ့(နိုဝင်ဘာလ ၁၇)ရက်နေ့ ညနေပိုင်း ၄ နာရီခန့်က အေအေအဖွဲဝင်များ
မိုးရွာနေခြင်းကိုအခွင့်ကောင်းယူကာ အလောင်းတက်ကောက်ချိန်
တပ်ကအကပ်ခံပြီး လက်ပစ်ဗုံးမိုးရွာပေးခြင်း
လက်နက်ကြီးများဖြင့် ချေမှုန်းခြင်းများပြုလုပ်ခဲ့သောကြောင့်
ပြန်လည်ထွက်ပြေးသွားကျသွားကြောင်း သိရှိရသည်။
AA လက်နက်ကိုင်အဖွဲများအနေဖြင့်
နိုဝင်ဘာလ ၁၄ ရက်နေ့နံနက်ပိုင်းမှစ၍ ၎င်းစခန်းအား အင်အားအလုံးအရင်းဖြင့်
၁၀ ကြိမ်ထက်မနည်းတိုက်ခိုက်ခဲ့သော်လည်း
တပ်မတော်သားများ၏ မလျော့သောဇွဲလုံလဖြင့် ကြံ့ကြံ့ခံကာကွယ်မှု
လက်နက်ကြီး/လေယာဉ်/ရဟတ်ယာဉ်များဖြင့် ပစ်ကူပေးချေမှုန်းမှုတိုကြောင့်
AA လက်နက်ကိုင်အဖွဲမှ ဗျူဟာမှူးအဆင့်အပါအဝင် အင်အား ၈၀ ကျော်
သေဆုံးဒဏ်ရာရမှုများရှိခဲ့ကာ လက်ရှိအချိန်တွင် စခန်းတောင်ခြေ၌ AA အလောင်းများ ပုံနေပြီဖြစ်ကြောင်း သိရှိရသည်။