ပထမအကြိမ် မြန်မာ-ရုရှား ပူးတွဲအကြမ်းဖက်မှုတိုက်ဖျက်ရေးကော်မတီအစည်းအဝေး ဒုတိယနေ့ ဆက်လက်ကျင်းပ

ဒီဇင်ဘာလ ၁ရက်နေ့က ပထမအကြိမ် မြန်မာ-ရုရှား ပူးတွဲအကြမ်းဖက်မှု တိုက်ဖျက်ရေးကော်မတီ အစည်းအဝေး
ဒုတိယနေ့ကို နေပြည်တော်ရှိ Hilton Hotel ၌ ဆက်လက်ကျင်းပပြုလုပ်ခဲ့ပါတယ်။
မြန်မာ့တပ်မတော်မှ စစ်ဦးစီးအရာရှိချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ
တပ်မတော် အရာရှိကြီးများ တက်ရောက်ခဲ့ကြပြီး ရုရှားတပ်မတော်မှ စစ်ဦးစီးချုပ်ရုံးအကြီးအကဲနှင့် ပထမ ဒုတိယ
ကြည်းတပ်ဦးစီးချုပ် Colonel General Kim Alexey Rostislavovich နှင့် တာဝန်ရှိသူများ
တက်ရောက်ခဲ့ကြပါတယ်။
အစည်းအဝေးတွင် မြန်မာ-ရုရှား အကြမ်းဖက်မှုတိုက်ဖျက်ရေး ပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍
နှစ်ဖက်ရင်းနှီးပွင့်လင်းစွာ အမြင်ခြင်း ဖလှယ်အပြန်အလှန်ဆွေးနွေးခဲ့ကြပြီး မြန်မာ-ရုရှား ပူးတွဲအကြမ်းဖက်တိုက်ဖျက်ရေး
ကော်မတီ ပူးတွဲဥက္ကဋ္ဌများက အစည်းအဝေးမှတ်တမ်းအား အတည်ပြုလက်မှတ် ရေးထိုးကြကာ အထိမ်းအမှတ်တံဆိပ်များ
အပြန်အလှန်လဲလှယ်ခဲ့ကြကြောင်း သိရှိရပါတယ်။