နမ့်စန်မြို့၊ ထားဝယ်မြို့နယ်၊ မြိတ်မြို့နယ်နှင့် ဘုတ်ပြင်းမြို့နယ်တို့ရှိ ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များအား စားသောက်ဖွယ်ရာများ ထောက်ပံ့

 ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်မြို့ရှိ တိုင်းကောင်ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင် များ၊ မတ်ကျန်းပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များနှင့် နားရိုင်းပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင် များအား အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မျိုးမင်းထွန်းနှင့် အဖွဲ့ဝင်များက သက်ဆိုင်ရာ ခန်းမအသီးသီး၌ လည်းကောင်း၊  တနင်္သာ ရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ မြိတ်မြို့နယ်နှင့် ဘုတ်ပြင်းမြို့နယ်များ အတွင်းရှိ ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များအား ယနေ့နံနက်ပိုင်းတွင် ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာန ချုပ် တိုင်းမှူး ဗိုလ်ချုပ် စောသန်းလှိုင်နှင့်အဖွဲ့ဝင်များက သက်ဆိုင်ရာ တပ်နယ်ခန်းမများ၌ လည်းကောင်း အသီးသီး သွားရောက်တွေ့ဆုံကြပြီးလိုအပ်တာများထောက်ပံ့ပေးခဲ့တယ်လို့သိရပါတယ်။