ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပွေးလှ၌ (၆၈-၆၆)ကြိမ်မြောက် စာမေးပွဲတော်အခမ်းအနားကျင်းပ

သာသနာသက္ကရာဇ် ၂၅၆၆ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၈၄ခုနှစ် (၇.၁၂.၂၀၂၂) ဗုဒ္ဓဟူးနေ့တွင် ၄၄၈ပါး ပြန်ဖြေ
အောင်မြင်တော်မူကြသော သံဃာတော်များကို အောင်လက်မှတ်နဲ့ ဓမ္မပူဇာများ ဆက်ကပ်လှူဒါန်းခြင်း၊ အစိုးရသာသန
ဓဇဓမ္မာစရိယနှင့် သာသန တက္ကသီလဓမ္မာစရိယ၊ သာသနတက္ကသီလမဟာဓမ္မာစရိယBA,MAဘွဲ့ရ အရှင်သူမြတ်တို့အား
ဂုဏ်ပြုပူဇော်ခြင်း၊ ဓနုဒေသစီမံဦးစီးဥက္ကဌ ဦးအာကာလင်းနှင့် ဇနီးဒေါ်ခင်စန္ဒာစိုး(သား)မောင်ဟိဏ်းသူရလင်း မိသားစုမှ
သံဃာတော်အရှင်သူမြတ်များအား ဝတ္ထုငွေစုစုပေါင်း ၁၅ သိန်းကျပ်ဆက်ကပ်လှူဒါန်းခြင်း၊ ဓနုဒေသစီမံဦးစီးအဖွဲ့မှ
သိန်း၂၀ကျပ်လှူဒါန်းခြင်း၊ သာသနာရေးဆိုင်ရာများလျှောက်ထားခြင်းများပြုလုပ်၍ (၆၈-၆၆)ကြိမ်မြောက်စာမေးပွဲတော်
အခမ်းအနားကို အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့ပါတယ်။