ဒဂုံမြို့သစ်မြောက်ပိုင်းတွင် YBS ဘတ်စ်ကားအောက်မှပေါက်ကွဲမှုဖြစ်

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ်၊ (၅၈) ရပ်ကွက်၊ မြဝတီမင်းကြီးလမ်းပေါ်ရှိ YBS 12 ဂိတ်တွင် ဇွန်လ ၂၅ ရက်ည ၈း၅၀ နာရီကပေါက်ကွဲမှုဖြစ်ကြောင်းသိရသည်။

ပေါက်ကွဲမှုမှာYBS 12 ကားများညအိပ်ရပ်သည့်နေရာမှ ယာဥ်မောင်း ဦးအောင်နိုင် မောင်းသည့် YBS 12 ယာဥ်လိုင်းမှ YGN 2P/8467 ကား၏ဂက် စ်အိုးများထားသည့်နေရာအောက်ဘက်မှပေါက်ကွဲခြင်းဖြစ်သည်။

ပေါက်ကွဲမှုကြောင့်လူထိခိုက်မှုမရှိဘဲနောက်ဘန်ပါပြုတ်ကျပျက်စီးကြောင်းသိရှိရပါတယ်။