လိုင်းပေါ်က ဝါဒမှိုင်းတွေနဲ့မိုက်တွင်းနက်နေတဲ့ KNDF

အခုနောက်ပိုင်း လူမှုစာမျက်နှာတွေပေါ်မှာ ပြည်ဖျက်မီဒီယာတွေ၊ ပြည်ပဩဇာခံလော်ဘီတွေရဲ့ သွေးထိုးလှုံဆော်မှုတွေကြောင့် အမှား/အမှန်မခွဲခြားနိုင်ပဲ လေလှိုင်းစကားတွေကနေ တစ်ဆင့် သတ်တာခံနေရတဲ့ KNDF တွေအကြောင်းကိုဖော်ပြပေးချင်ပါတယ်။ လေလှိုင်းပေါ်မှာ စစ်တပ်ကလူတွေဘယ်လောက်သေနေကြောင်း/ လူအင်အား မရှိတော့ဘူးဆိုတဲ့ အကြောင်းတွေကို ထပ်တလဲလဲဝါဒဖြန့်စကားတွေ တင်ပြီး PDF/ KNDF အကြမ်းဖက်တွေကို သူတို့နိုင်နေသယောင်ဖော်ပြပြီး သူတို့လူတွေရဲ့ စိတ်ဓာတ်တွေကို မြှင့်တင်ပေးနေကြတာ..တကယ့်မြေပြင်မှာတော့ အောက်မှာမြင်နေရတဲ့အတိုင်းပါပဲ..ဒါကိုဘူမသိကိုယ်မသိနဲ့ မြှောက်ပေးတဲ့အတိုင်း လုပ်နေကြတာ…တစ်ချို့သော PDF တွေဆိုရင် ဒဏ်ရာရပြီး ကုသစရာဆေးဝါးမရှိတာကြောင့် ဘာမဟုတ်တဲ့ ဒဏ်ရလေးတွေနဲ့ပါ သေနေကြတာ..ကျည်ဆန်တွေဆိုတာလည်း အလုံအလောက်မရှိ..စားစရာဆိုတာလည်း တွေ့တဲ့ရွာထဲက တွေ့တဲ့ဟာကို အတင်းအဓမ္မယူဆောင် စားသောက်နေတာ။ တစ်ချို့ဆို သူတို့တွေရဲ့ အနိုင်ကျင့် ဗိုလ်ကျဒဏ်ကို မခံနိုင်တော့လို့ နီးစပ်ရာဆွေမျိုးတွေ ရှိတဲ့ နေရာဒေသတွေကို ပြောင်းရွှေ့ပြေးနေရပြီ။ ဒါကိုတောင် ပါးစပ်ကနေ လျှာရိုးမရှိ ပြည်သူ့ကာကွယ်ရေးတပ်(PDF) ဆိုပြီး မရှိတဲ့ဂုဏ်တွေကို ဖော်နေသေး။ လေလှိုင်းတွေထဲက သွေးထိုးတင်နေတာ မဟုတ်ဘူး။ ကိုယ်တွေက ပုံတွေ/သက်သေတွေနဲ့ တကွတင်ပေးတာ။ ကဲ..အော်ကြပါဦး PDF တွေ..ငါတို့နိုင်နေပြီလို့….