ထိုင်းရောက်မြန်မာများက လေဘေးဒဏ်သင့်ပြည်သူများအတွက် ဘတ် (၃၆ ) သိန်းကျော်ဖိုး လှုဒါန်း

မြန်မာနိုင်ငံအတွင်း မေ ၁၄ ရက်နေ့တွင် တိုက်ခတ်ခဲ့သော ဆိုင်ကလုန်းမုန်တိုင်း မိုခါကြောင့် လေဘေးသင့်ပြည်သူများနှင့် လေဘေးသင့်ဒေသများတွင် အသုံးပြုရန် မေ ၁၅ ရက်နေ့အထိ ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသား အလှူရှင်များ၏ လှူဒါန်းခဲ့မှုများမှာ Professional Services International (MM) မှ အလှူငွေ ဘတ်ငွေ ၁ သန်းနှင့် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများစုပေါင်း၍ ၆.၅ ပေအရှည် သွပ် ၁၂,၃၀၀ ချပ် (သင့်ငွေ – ၂,၄၆၀,၀၀၀ ဘတ်၊ ရန်ကုန်အရောက်) ကို လှုဒါန်းခဲ့ပါသည်။

ထိုပြင် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ စုပေါင်း၍ပင် သစ်ပင်ဖြတ်စက် ၃၀ နှင့် အပိုပစ္စည်းများ (သင့်ငွေ – ၁၆၀,၈၀၀ ဘတ်)၊ အသင့်စားခေါက်ဆွဲခြောက် ၁၅၈,၆၄၀ ထုပ် (သင့်ငွေ – ၁,၀၇၇,၂၆၃ ဘတ်) တိုကိုလည်း လှုဒါန်းခဲ့ပြီး စုစုပေါင်း ငွေသားအလှူငွေ ဘတ် ၁ သန်းနှင့် ပစ္စည်းတန်ဖိုး ဘတ် ၃,၆၉၈,၀၆၃ ကို လှူဒါန်းခဲ့ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ သိရှိရပါတယ်။