တောင်းဆိုထားတဲ့ ဖြိုးပြည့်စုံရဲ့ အချစ်နဲ့ပဋိညာဥ် သီချင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်ရှင်

ကျွန်မတို့ရဲ့ ရဲဝံ့စွန့်စားပြည်ချစ်သား

သီချင်းတောင်းဆိုခြင်း အစီအစဉ်လေးမှာ ပါဝင်တောင်းဆိုလာတာကတော့

ရှေ့တန်းတစ်နေရာမှာ တာဝန်ထမ်းဆောင်နေတဲ့ စစ်သည်တစ်ဦးမှ

ချစ်ရတဲ့ ကောင်မလေးနားဆင်စေချင်လို့ပါဆိုပြီး

“ချစ်သူကောင်မလေးကို ပြောပေးပါ..
ကျွန်တော်ရဲ့ ဂတိသစ္စာ ပဋိညာဥ် တစ်ခုအပိုင်ယူပါလို့
အဖွဲ့သားများအားလုံးကျန်းမာပျော်ရွှင်ပါစေ” လို့ စာလွှာလေးနဲ့အတူ

ဖြိုးပြည့်စုံရဲ့ အချစ်နဲ့ပဋိညာဥ် သီချင်းလေးကို ပါဝင်တောင်းဆိုထားပါတယ်။

တောင်းဆိုထားတဲ့ သီချင်းလေးကို အခုပဲတင်ဆက်ပေးလိုက်ပါတယ်ရှင်..