မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဖေဖော်ဝါရီလ ၂၀ ရက်နေ့ ညနေ ၆ နာရီခွဲအချိန် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့နယ်၊ မိုင်းတွမ်းတောင်ပေါ်ကျေးရွာအုပ်စု၊ ပုံတပ် ကျေးရွာရှိ ဦးအားချာ ၏ နွားမွေးမြူရေးခြံကို သတင်းအရရှာဖွေရာ ခြံစောင့်လုပ်သား မအားချာ နှင့် မနာထီး တို့ ၂ ဦး အား ၁၂ ဗို့ ပြောင်းချောသေနတ် ၁ လက်၊ စိတ်ကြွရူးသွပ်ဆေးပြားအကြေ ၁၀၀ ဂရမ်နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ ည ၇ နာရီအချိန် မိုင်းဆတ်မြို့နယ်၊ မိုင်းတွမ်းတောင်ပေါ်ကျေးရွာအုပ်စု၊ ပါဟိုးကျေးရွာရှိ နွားခြံပိုင်ရှင် ဦးအားချာ ၏ နေအိမ်ကို ဆက်လက်ရှာဖွေရာနေအိမ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၆၅ သိန်း၊ ပွိင့် ၂၂ သေနတ် ၄ လက်၊ M-16 သေနတ် ၁ လက်၊ ၁၂ ဗို့ ပြောင်းချောသေနတ် ၁ လက်၊ ကျည်အိမ် ၁၆ ခု၊ ကျည်မျိုးစုံ ၂၇ တောင့်တို့ကို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတိုအား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း CCDAC MYANMAR မှ ဖော်ပြအပ်ပါသည်။
ဆက်စပ်အကြောင်းအရာများ
မိုင်းဆတ်မြို့နယ်၊ ပူနားကိုကျေးရွာတွင် မူးယစ်ဆေးဝါးများနှင့် လက်နက်/ခဲယမ်းများကို တရားခံ ၂ ဦးနဲ့အတူ ဖမ်းဆီးရမိခဲ့
- Admin
- January 26, 2023
ဇန် ၂၅ ရက်နေ့က တည်ငြိမ်အေးချမ်းမှုကိုလိုလားသော ဒေသခံများရဲ့ သတင်းပေးမှုကြောင့် မိုင်းဆတ်မြို့နယ်၊ ပူနားကိုကျေးရွာတွင် မူးယစ်ဆေးဝါးများနှင့် လက်နက်/ခဲယမ်းများကို တရားခံ ၂ ဦးနဲ့အတူ ဖမ်းဆီးနိုင်ခဲ့ပါတယ်။ ဖမ်းဆီးရမိပစ္စည်းများကတော့ […]
အိုးဘိုထောင်က နိုင်ကျဉ်းအမျိုးသမီးတွေနှိပ်စက်ခံရသည်ဆိုမှာ သတင်းအမှား
- ပုည
- December 28, 2023
မန္တလေး၊ အိုးဘိုထောင်တွင် နိုင်ငံရေးအမှုနှင့် ထောင်ကျနေသည့်အမျိုးသမီးများကို မနက်အစောပိုင်းမှာ ရေထချိုးခိုင်းပြီး လေသာဆောင်တွင် ထမီရင်ရှားနှင့် ပုံစံထိုင်ခိုင်းခြင်းများ ပြုလုပ်မှုကြောင့် အမျိုးသမီး ၄ ပုံ ၃ ပုံခန့် […]
စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်၊ လွင်းကြီးကျေးရွာအနီးတွင် PDF များနှင့် ထိတွေ့မှုဖြစ်ပွား
- ပုည
- June 18, 2023
ဖောင်းပြင်မြိုနယ်၊ လွင်းကြီးကျေးရွာအနီးတွင် နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေးအတွက် နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေသော လုံခြုံရေးအဖွဲဝင်များနှင့် အဖျက်အမှောင့် လုပ်ဆောင်နေသော PDF များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက် PDF များထံမှ