တားမြစ်ဆေး သုံးစွဲသည့် ပေါ့ဘာ နှစ်ရှည်ပွဲပယ်ခံရဖွယ်ရှိ


ဂျူဗင်တပ်စ်ကွင်းလယ်လူ ပေါ့ဘာဟာတားမြစ်ဆေးသုံးစွဲကြောင်း စွဲချက်တင်ခံထားရလို့ပွဲကစားခွင့်ဆိုင်းငံ့ခံထားရပြီး ပြစ်မှုထင်ရှားရင် နှစ်ရှည်ပွဲပယ်ခံရဖွယ်ရှိပါတယ်။
ပြီးခဲ့တဲ့သြဂုတ် ၂၀ ရက်မှာ ဂျူဗင်တပ်က အူဒီးနိစ်အသင်းကို ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ပွဲအပြီးမှာ အီတလီ တားမြစ်ဆေးတိုက်ဖျက်ရေးအဖွဲက ကျပန်းစနစ်နဲ့ ရွေးချယ်ပြီး ပေါ့ဘာကို စစ်ဆေးခဲ့ပါတယ်။
ထွက်ပေါ်လာတဲ့ ရလဒ်တွေအရ ပေါ့ဘာဟာ အားကစားသမားတွေရဲ့ ခံနိုင်ရည်ကို တိုးမြှင့်စေတဲ့ စတီးရွိက်စ်ဟော်မုန်းတစ်ခုဖြစ်တဲ့ တက်စ်တိုစထရုန်း အသုံးပြုထားကြောင်း စစ်ဆေး တွေ့ရှိခဲ့တာလည်းဖြစ်ပါတယ်။