တမူးမြို့၊ စော်ဘွား(၆)ရပ်ကွက်အတွင်းရှိ၊ ဖုန်းဆိုင်အား PDFများက ရမ်းသမ်းပစ်ခတ်

တမူးမြို့၊ စော်ဘွား(၆)ရပ်ကွက်အတွင်းရှိ ဖုန်းပြုပြင်ရေးဆိုင်အား PDF များက လက်လုပ်သေနတ်များ ကိုင်ဆောင်၍ ၎င်းဆိုင်ရှိ အပြစ်မဲ့ပြည်သူ ၁ ဦးအား ရမ်းသမ်းပစ်ခတ်ကာ ထွက်ပြေးသွားကြောင်း သိရှိရပါသည်။PDF များ၏ ရမ်းသမ်းပစ်ခတ်မှုကြောင့် ၎င်းအပြစ်မဲ့ပြည်သူ ၁ ဦး မှာ ကျည်ထိမှန် ဒဏ်ရာရရှိခဲ့ပြီး တာဝန်ရှိသူများက တမူးမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရှိရပါသည်။