တပ်မတော် (ကြည်း၊ရေ၊လေ)အားကစားပြိုင်ပွဲများတွင် ကစားနည်းများအလိုက် ဗိုလ်လုပွဲနှင့် ဆုပေးပွဲကျင်းပ

နိုဝင်ဘာလ ၂၃ ရက်တွင် ၂ဝ၂၂ ခုနှစ်၊တပ်မတော် (ကြည်း ၊ ရေ၊ လေ) အားကစားပြိုင်ပွဲများကို သက်ဆိုင်ရာ အားကစားနည်းများအလိုက် သက်မှတ်ထားသော အားကစားကွင်း/ ရုံများ၌ ဆက်လက် ကျင်းပပြုလုပ်ခဲ့ပါတယ်။

ဝိတ်တန်းအလိုက် ဗိုလ်လုပွဲစဉ်များယှဉ်ပြိုင်ကစားကြပြီး ဆုပေးပွဲ အခမ်းအနားကို ဆက်လက်ကျင်းပရာ ဝိတ်တန်းအလိုက် ရွှေတံဆိပ်ဆု၊ ငွေတံဆိပ် ဆုနှင့် ကြေးတံဆိပ်ဆုရရှိသူများ၊ အကောင်းဆုံးနည်းပြဆုနှင့်အကောင်းဆုံးဒိုင်လူကြီးဆုရရှိသူများ၊ အတန်းလိုက် အကောင်းဆုံးကစားသမားဆု၊ အတိုက်ဝိတ်တန်း အလိုက်ဖလားရရှိသည့် အသင်းများကို တပ်မတော် အရာရှိကြီးများကတစ်ဦးချင်းဆု၊ ငွေသားဆုနှင့် အသင်းလိုက်ဆုဖလားများကို အသီးသီးပေးအပ်ခဲ့ပါတယ်။

အားကစားနည်းများအလိုက် ယှဉ်ပြိုင်ကစားနေတဲ့ ပုံရိပ်လေးတွေနဲ့ ဆုပေးပွဲအခမ်းအနား ဓါတ်ပုံလေးတွေကိုလည်း ဖော်ပြပေးလိုက်ပါတယ်…….

ဆုယူနေတဲ့ ဓါတ်ပုံလေးတွေကိုကြည့်ပြီး အားကျလာရင် လာမည့် ၂၀၂၃ နှစ် အားကစားပြိုင်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်ဖို့ ဖိတ်ခေါ်ပါတယ်….