ဒီဇင်ဘာ ၇ရက်က တပ်ဖွဲ့ဝင်များ စိတ်ပျော်ရွှင်ကြည်နူးစေရန်အတွက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေ၊ မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့တို့ရှိ နယ်မြေခံတပ်ရင်း ဌာနချုပ်များသို့ နယ်လှည့် ပြည်သူ့ဆက်ဆံရေးအဖွဲ့များမှ အရာရှိ၊ စစ်သည်၊ စစ်သမီးများနှင့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား(MRTV)မှ အဖွဲ့သူ၊ အဖွဲ့သားများက စစ်ချီတေး၊ စစ်သည် တေးသီချင်းများ၊ ခေတ်ပေါ်နှင့် ခေတ်ဟောင်း တေးသီချင်းများဖြင့် သီဆိုကပြ ဖျော်ဖြေကြရာ နယ်မြေခံတပ်မှ တာဝန်ရှိသူများနှင့် မိသားစုဝင်များက ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲကြပြီး ဒေသထွက် လက်ဆောင်ပစ္စည်းများ ပေးအပ်ကြကာ ဒေသထွက် အစားအစာများဖြင့် ဧည့်ခံကျွေးမွေးခဲ့တယ်လို့ သိရှိရပါတယ်။
ဆက်စပ်အကြောင်းအရာများ
ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့က ကြီးမှူးကျင်းပသည့် ၁၃၈၄ ခုနှစ် မြန်မာ့ရိုးရာသင်္ကြန်ပွဲတော် စတုဒိသာကျွေးမွေးလှူဒါန်းပွဲကျင်းပ
- အေးခင်
- April 15, 2023
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့က ကြီးမှူးကျင်းပသည့် ၁၃၈၄ ခုနှစ် မြန်မာ့ရိုးရာသင်္ကြန်ပွဲတော် စတုဒိသာကျွေးမွေးလှူဒါန်းပွဲ အခမ်းအနားကို ဧပြီလ ၁၄ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ရွှေတိဂုံစေတီတော် […]
ရှေ့တန်းပျော်ကြီးများရဲ့ အိမ်ပြန်ချိန်
- Admin
- August 30, 2023
အနောက်တံခါးကို ကာကွယ်ပေးနေတဲ့ရွှေဘများရဲ့ အိမ်ပြန်ချိန်ကတော့ အရမ်းကိုပျော်ရွင်စရာကောင်းနေပါတယ်။ ရှေ့တန်းတာဝန်တွေကို ထမ်းဆောင်ပြီး တပ်ရင်းဌာနချုပ်သို့ ပြန်လည်ဝင်ရောက်ချိန်မှာ အရာရှိ၊ စစ်သည်၊ ရဲမေ/ မိသားစုဝင်များက လှိုက်လှိုက်လှဲလှဲကြိုဆိုနေကြတာ အင်မတန်မှ ကြည်နူးစရာကောင်းလှတဲ့ […]