ညောင်ရွှေမြို့နယ်တွင် WYစာတမ်းပါပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား (၃၆၅)ပြားဖမ်းမိ

လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ညောင်ရွှေမြို့နယ်၊ သလဲဦးကုန်းခြံအထက်ရွာတွင် နေထိုင်သည့် ခွန်ကျော်ဖေ(ခ) ကျော်ဖေ၊ (သ) ၄၀ နှစ်၊ (ဘ)ဦးဟူ၊ နေအိမ်တွင် တရားမဝင် မူးယစ် ဆေးဝါးများရောင်းချ သုံးစွဲနေကြောင်းသတင်းအရ ဩဂုတ်လ ၂၇ရက် ၁၅၁၀ ချိန်တွင် ဝင်ရောက်ရှာဖွေရာ ခွန်ကျော်ဖေ(ခ)ကျော်ဖေအား ၎င်းနေအိမ်တွင် အသင့်တွေ့ရှိရပြီး ၎င်းအိပ်ခန်းအတွင်းမှ WY စာတမ်းပါ ပန်းရောင်စိတ်ကြွရူးသွပ် မူးယစ်ဆေးပြား (၂၀၀)ပြားပါ (၁) ထုတ်၊ အပြာရောင်ကပ်ခွာ အိတ်ဖြင့် ထည့်လျက် WY စာတမ်းပါ ပန်းရောင်စိတ်ကြွ ရူးသွပ်မူးယစ် ဆေးပြား(၁၆၅)ပြားပါ(၁)ထုတ်၊ စုစုပေါင်းဆေးပြား(၃၆၅)ပြား၊စုစုပေါင်းတန်ဖိုး (၁၈၂၅၀၀)ကျပ်အား တွေ့ရှိသိမ်းဆည်းရမိခဲ့ပါတယ်။