ဇွန်လ ၁၄ ရက်နေ့ မှုခင်းသတင်းများ

_ဇွန်လ ၁၃ ရက်နေ့ ၀၇၅၀ နာရီချိန်တွင် ဘာအံမြို့နယ်၊ ကော့ကျိုက်ကျေးရွာတွင် နေထိုင်သော ဦးမောင်စိုး (၅၅) နှစ်သည် နေအိမ်မှ ဆိုင်ကယ်ဖြင့် ထွက်ခွာလာစဉ် ဇာသပြင်ကျေးရွာအတွင်းရှိ တံတားနားအရောက်တွင် အကြမ်းဖက်သမား PDF ၂ ဦးမှ လက်နက်ငယ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့သဖြင့် ဦးမောင်စိုးမှာ ကျည်ဖောက်ဝင်ဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်း သိရှိရ..

-ဇွန်လ ၁၃ ရက်နေ့ ၀၈၂၀နာရီချိန်တွင် ရေးမြို့၊ ရန်မျိုးအောင် ရပ်ကွက်တွင် နေထိုင်သော ဦးတိုးသည် Hijet ယာဉ်ဖြင့် ရွှေ (၃)ပိသာခန့် (ကာလတန်ဖိုး သိန်း ၁၀၀၀၀ ခန့်) အား တင်ဆောင်ပြီး ရွှေလဝန်း‌ရွှေဆိုင်သို့ ထွက်ခွာလာစဉ် ရွှေဆိုင်တံခါးအားဖွင့်နေစဉ် အကြမ်းဖက်သမား ၂ ဦးမှ ရွှေထည်ပစ္စည်းများအား လုယက်ယူဆောင်သွားခဲ့ကြောင်း သိရှိရ..

-ဇွန်လ ၁၃ ရက်နေ့ ၁၄၅၀ နာရီချိန်တွင် သရက်ချောင်းမြို့နယ်၊ ပြင်ဖြူသားကျေးရွာတွင် နေထိုင်သော ဦးဇော်ဝမ်း (၄၅) နှစ်သည် သရက်ချောင်း စိုက်ပျိုးရေးဘဏ်မှ ချေးငွေများ ထုတ်ယူပြီးပြန်လာစဉ် ထားဝယ်-မြိတ်ကားလမ်း မိုင်တိုင် ၃၁/၂ နှင့် ၃၁/၃ ကြားအရောက်၌ အကြမ်းဖက် သမား ၂ ဦးမှ လက်နက်ငယ်များဖြင့် ပစ်ခတ်သောကြောင့် ကျည်ဖောက်ဝင်ဒဏ်ရာ (မစိုးရိမ်ရ) ဒဏ်ရာရရှိခဲ့ပြီး ထားဝယ်မြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရှိရ..

-ဇွန်လ ၁၄၃၀ နာရီချိန်တွင် ပြေက်မြို့နယ်၊ အောင်တံခွန်ရပ်ကွက်တွင် နေထိုင်သော ဦးထွန်း (၆၀) နှစ်သည် စားကျက်၌ နွား ၁၀ ကောင်းအား စားကျက်လွှတ်နေစဉ် Pdf ၂၀ ဦးခန့်ရောက်ရှိလာပြီးနွားများနှင့်အတူ ဦးထွန်းအား ဖမ်ဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရှိရ..

-ဇွန်လ ၁၃ ရက်နေ့ ၁၅၃၀ နာရီချိန်တွင် ငါန်းဖွန်မြို့နယ်၊ လက်ပံသာကျေးရွာတွင် နေထိုင်သော သူထက်ကို (၂၈) နှစ်သည် နေအိမ်၌ ဆိုင်ကယ်ပြင်နေစဉ် အကြမ်းဖက်သမား Pdf ၁၀ ဦးမှ ဆိုင်ကယ်၄ စီးဖြင့် ရောက်ရှိလာပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့သဖြင့် သူထက်ကိုမှာ ပေါင်ကည်ဖောက်ဝင်ဒဏ်ရာ မစိုးရိမ်ရ ရရှိခဲ့ပြီး ‌ဆေးရုံသို့ ပို့ဆောင်ကုသ ပေးခဲ့ကြောင်း သိရှိရ,,

-ဇွန်လ ၁၃ ရက်နေ့ ၁၃၀၀ နာရီချိန်တွင် ကော့ကရိတ်မြို့နယ်၊ နန်းကော်တိုးကျေးရွာတွင် နေထိုင်သော ဒေါ်ချမ်းမြအေး(၃၈) နှစ်သည် မှိုရှာရန် နေအိမ်မှ ထွက်ခွာလာခဲ့ပြီး ဆင်ကုန်းသင်္ချိုင်းအရောက်၌ အကြမ်းဖက်သမား pdf များထောင်ထားသည့် မိုင်း ၁ လုံးအား နင်းမိပေါက်ကွဲခဲ့သဖြင့် ဝဲဖနောင့်ကြေမွဒဏ်ရာ (စိုးရိမ်ရ) ရရှိခဲ့သဖြင့် ဆေးရုံသို့ ပို့ဆောင်ကုသပေးခဲ့ကြောင်း သိရှိရ.