ဇွန်လ ၁၁ ရက်နေ့မှုခင်းသတင်းများ

-ဇွန်လ ၁၀ ရက်နေ့ ၀၂၃၀ နာရီချိန်တွင် ဖယ်ခုံမြို့နယ်၊ မိုးဗြဲကျေးရွာအုပ်စု၊ စည်ကား(၁) ရပ်ကွက်တွင် နေထိုင်သော ဦးအေးဝင်း(၆၈) နှစ်၊ မော်မော်ဦး (၃၁) နှစ် နှင့် သိင်္ဂီစိုး(၂၉) နှစ် (လ/ထ မူပြ) (၃) ဦးတို့အား အကြမ်းဖက်သမားများမှ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့သဖြင့် သေနတ်မှန်ဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်း သိရှိရ.

-ဇွန်လ ၁၀ ရက်နေ့ ၁၀၀၀ နာရီချိန်တွင် ကန့်ဘလူမြို့နယ်၊ ဇင်းကျေးရွာအား အကြမ်းဖက်သမားများမှ လက်လုပ်စိန်ပြောင်းများဖြင့် လာရောက်ပစ်ခတ်ခဲ့ပြီး ကျေးရွာထိပ်ရှိ ဦးအောင်ဆန်း(၆၃) နှစ်ပိုင်ဆိုင်သည့် နေအိမ်အား မီးရှို့ခဲ့သဖြင့် နေအိမ် (၁) လုံး မီးလောင်ပျက်စီးခဲ့ကြောင်း သိရှိရ..

-ဇွန်လ ၁၀ ရက်နေ့ ၀၉၀၀ နာရီချိန်တွင်ပခုက္ကူနှင့်ပြင်ဦးလွင်ပြေးဆွဲလျက်ရှိသော “တော်ဝင်မဟာ” ယာဉ်လိုင်းမှ ယာဉ်မောင်း အောင်မျိုးဝင်း‌ မောင်းနှင်လာပြီူ ခရီးသည် ၈ ဦး လိုက်ပါလာသည့် ယာဉ်သည် ချောင်းဦးမြို့နယ်၊ မကျီးခွကျေးရွာအထွက်အရောက်၌ လက်လုပ်သေနတ်များ ကိုင်ဆောင်ထားသည့် အကြမ်းဖက် pdf များသည့် ယာဉ်ပေါ်မှ မနန်းနွယ်ဦး(၂၃) နှစ် ကျန်းမာရေးဝန်ထမ်းများ အား ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရှိရ..

-ဇွန်လ ၁၀ ရက်နေ့ ၁၅၃၀ နာရီချိန်တွင် ကျောက်ဆည်မြို့နယ်၊ ကျောက်ဆောက်ကျေးရွာနေထိုင်သော ဦးလှဝင်း(၅၄) နှစ်သည် မန်ကျီးတောကျေးရွာရှိ ဦးမိုးဝင်းနေအိမ်၌ စကားပြေနေစဉ် အကြမ်းဖက်သမား ၄ ဦးမှ ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီးလက်နက်ငယ်ဖြင့် ပစ်ခတ်သွားသောကြောင့် ဦးလှဝင်းတွင် ကျည်ဖောက်ဝင်ဒဏ်ရာ(စိုးရိမ်ရ) ဖြင့် မန္တလေးဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရှိရ..