ဇွန်လ ၁၀ ရက်နေ့မှုခင်းသတင်းများ

-ဇွန်လ ၉ ရက်နေ့ ၁၃၃၀နာရီချိန်တွင် ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာတွင်နေထိုင်သော ဦးကျော်ဆွေ(၅၅) သည် နေအိမ်၌ မိသားစုနှင့်အတူရှိနေစဉ် အကြမ်းဖက် သမား ၂ ဦးမှ ဆိုင်ကယ်ဖြင့် ရောက်ရှိလာကာ ဦးကျော်ဆွေအား သေနတ်ဖြင့် ချိန်ရွယ်၍ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး လုံးခင်းကျေးရွာသုဿာန်နားအရောက်တွင် ဒူးထောက်ခိုင်းကာ သေနတ်ဖြင့်ပစ်ခတ်ခဲ့သဖြင့် နေရဦတွင်ပင်သေဆုံးသွားခဲ့ကြောင်း သိရှိရ..

-ဇွန်လ ၉ ရက်နေ့ ၁၉၁၅ နာရီချိန် တွင် ကော့သောင်းမြို့နယ်၊ မလိဝမ်းကျေးရွာတွင်နေထိုင်သော ဦးသန်းဝင်း (၄၃) နှစ်သည် ၎င်းပိုင်ဆိုင်သော ဖုန်းဆိုင်အတွင်းရှိနေစဉ် အကြမ်းဖက် သမား ၃ ဦးမှ ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီးလက်နက်ငယ်ဖြင့် ၇ ချက်ခန့် ပစ်ခတ်သွားခဲ့သောကြောင့် ဦးသန်းဝင်းမှာ ကျည်ဖောက်ဝင်ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ကြောင်း သိရှိရ..

-ဇွန်လ ၉ ရက်နေ့ ၀၆၀၀ နာရီချိန်တွင် မတ္တရာမြို့နယ်၊ ဘိုကုန်းကျေးရွာတွင် နေထိုင်သော ဦးစိုးဝင်း (၅၆) နှစ်သည် နေအိမ်မှ လက်ဘက်ရည်ဆိုင်သို့ သွားရောက်ပြီး ဆိုင်အဝ၌ ဦးညီအောင်နှင့် စကားပြောနေစဉ် အကြမ်းဖက်သမား ၂ ဦးမှ ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး လက်နက်ငယ်ဖြင့် ၃ ချက်ခန့်ပစ်ခတ်ခဲ့သောကြောင့် ဦးစိုးဝင်းမှာ ကျည်ဖောက်ဝင်ဒဏ်ရာများဖြင့် သေဆုံးခဲ့ပြီး ဦးညီအောင်မှာ ကျည်ဖောက်ဝင်ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့ကြောင်း သိရှိရ..

-ဇွန်လ ၉ ရက်နေ့ ၀၈၄၅ နာရီချိန်တွင် မတ္တရာမြို့နယ်၊ သာလွန်ဖြူကျေးရွာအရှေ့ဘက် ရွာအဝင်လမ်းဘေးရှိမီးရထာသံလမ်းဘေးတွင် ကျား(၁) ဦးသေဆုံးနေကြောင်း သတင်းအရသွားရောက်စစ်ဆေးခဲ့ရာ သေဆုံးသူ(၆၀) နှစ်ခန့်သည် ယာနားထင်ကျည်ဖောက်ဝင်ဒဏ်ရာများဖြင့် သေဆုံးနေကြောင်း သိရှိရ..

-ဇွန်လ ၉ ရက်နေ့ ၀၈၃၀နာရီချိန်တွင် မြင်းခြံမြို့နယ်၊ ထိန်ပင်ကျေးရွာလမ်းခွဲ၊ မြင်းခြံ-နဘူးအိုင်သွားကားလမ်းဘေးတွင် ကျား ၂ ဦး ဦးခေါင်းပွင့် ဒဏ်ရာများဖြင့် သေဆုံးနေကြောင်း သိရှိရသဖြင့် မြင်းခြံပြည်သူ့ဆေးရုံးသို့ပို့ဆောင်ပေးခဲ့..