ဆုပေးပွဲမှာ ဟာလန်းရဲ့ဂုဏ်ကိုမြှင့်တင်ပေးခဲ့တဲ့ ရော်နယ်ဒို

Globe Soccer Award ဆုပေးပွဲမှာ တနှစ်တာအကောင်းဆုံးကစားသမားဆုကို ကြေညာနေတဲ့အချိန် ရော်နယ်ဒိုက ဟာလန်းပဲ ရရှိသင့်တယ်လို့ လက်ဟန်အမူအယာနဲ့ ပြသနေခဲ့တာပါ။ အမှန်တကယ်လည်းပဲ အဆိုပါဆုကို ဟာလန်းက ဆွတ်ခူးနိုင်ခဲ့ပါတယ်။

ရော်နယ်ဒိုကတော့ ဂိုးသွင်းအများဆုံးကစားသမားဖြစ်ခဲ့လို့ မာရာဒိုနာဆု၊ ပရိသတ်တွေအကြိုက်နှစ်သက်ဆုံး ကစားသမားဆုတွေကို ရယူနိုင်ခဲ့ပါတယ်။ သူ့ရဲ့ ဆုကို လက်ခံရယူချိန်မှာ ရော်နယ်ဒိုက ဂိုးသွင်းအများဆုံးဆုကို ဟာလန်းလို ကစားသမားကို ကျော်ဖြတ်နိုင်ခဲ့လို့ သူ ဂုဏ်ယူမိတယ်လို့ ဖွင့်ဟခဲ့ပါတယ်။

“ဟာလန်းလို သားရဲကြီးတကောင်ကို ကျော်ဖြတ်ပြီး အနိုင်ရခဲ့တယ်လို့တွေးကြည့်စမ်းပါ၊ ကျနော် အရမ်းဂုဏ်ယူမိပါတယ်၊ မကြာခင် ကျနော့်အသက်က ၃၉ နှစ်ပြည့်တော့မှာပါ” လို့ ပြောဆိုရင်း ဟာလန်းကိုပါ ဂုဏ်တင်ပေးသွားခဲ့ပါတယ်။

#everyone