မင်္ဂလာမနက်ခင်းလေးပါရှင်

လူဆိုတာ
လောဘကြောင့်လည်းမှားတယ် ။

ဒေါသကြောင့်လည်း မှားတယ်
မောဟကြောင့်လည်းမှားတယ် ။

ပုထုဇဉ်မို့ မှားတတ်တာမှန်ပေမယ့်
ခဏခဏတော့ မမှားစေနဲ့ပေါ့ ။

ခဏတွေများလာရင်
ဘ၀တွေဟာ အောက်ကျသွားသလို
ဘ၀တွေဟာ မချမ်းသာတော့ပါဘူး ။

သံသရာမှာ အမှားတွေထပ်လို့
ဘ၀တွေလည်း မျိုးစုံခဲ့လှပါပြီ ။

အယူအမှား အလုပ်အမှားတွေကြောင့်
ဘ၀တွေနာ ဇာတ်တွေလည်းနာနဲ့
ဒုက္ခတွေလည်း မျိုးစုံကြုံခဲ့လှပါပြီ ။

ခုလိုတန်ဖိုးရှိတဲ့ဘ၀မှာ
ဝိပဿနာ အသိဉာဏ်ပညာသာ

ရလိုက်မယ်ဆိုရင် ဘ၀တွေဟာ
အဆင့်တန်းမြင့်ပြီး ချမ်းသာသွားမှာပါ ။

ဒါကြောင့် အသိမှန်အောင်နှင့်
အယူအကျင့်မှန်အောင်ကြိုးစားပါ ။

တရားနဲ့လွှရတဲ့ဘ၀တွေဟာ
အများကြီး ရှိနေကြတဲ့အတွက်

တရားတွေနာကြားကျင့်ကြံခွင့်ရတုန်း
လက်ရှိကိုယ့်ဘ၀ကို ပါရမီထိုက်အောင်
နေထိုင်သွားကြဖို့ အရေကြီးပါတယ် ။

🙏🙏🙏 သာရ ဂ ဝေ သီ🙏🙏🙏