စွန့်လွှတ်နိုင်အောင် ကြိုးစားပါ

ကိုယ့်ဘဝအတွက်
တိုးတက်မှုတွေ
ဆုတ်ယုတ်စေတဲ့အရာတွေကို
စွန့်လွှတ်နိုင်အောင် ကြိုးစားပါ ။

ကိုယ့်ဘဝအတွက်
အကျိုးမဲ့စေတဲ့ အရာတွေကို
စွန့်လွှတ်နိုင်အောင် ကြိုးစားပါ ။

ကိုယ့်ဘဝအတွက်
ပျော်ရွှင်မှုတွေ
ပျက်စီးစေမယ့်အရာတွေကို
စွန့်လွှတ်နိုင်အောင် ကြိုးစားပါ ။

ကိုယ့်ဘဝအတွက်
မဖြစ်နိုင်မှန်သိတဲ့အရာတွေကို
စွန့်လွှတ်နိုင်အောင် ကြိုးစားပါ ။

ကိုယ့်ဘဝအတွက်
စိတ်ဆင်းရဲစေမယ့် လုပ်ရပ်တွေကို
စွန့်လွှတ်နိုင်အောင် ကြိုးစားပါ ။

စွန့်လွှတ်လိုက်ရလို့
ဝမ်းနည်းစရား ကောင်းပေမယ့်
ဘဝအတွက်တော့
စိတ်အေးချမ်းမှုတွေ ဖြစ်စေပါတယ်

ကိုယ့်ဘဝအတွက်
အဆင်မပြေနိုင့်တဲ့ အရာတွေကို
စွန့်လွှတ်နိုင်အောင် ကြိုးစားပါ

ဒါကြောင့်
ကိုယ့်ကိုယ်ကိုယ်
စိတ်ပင်ပန်းခံ စိတ်ညစ်ခံပြီးတော့
ဖက်တွယ်ထားဖို့ မကြိုးစားလိုက်ပါနဲ့ ။

🙏အရှင်ဇဝန (ရွှေကုန်းမြေ)🙏