ရှင်သန်လိုစိတ် မရှိတော့တဲ့အခါတိုင်း ပြုံးပါ

မပြုံးလိုက်ရပဲ
ကုန်ဆုံးသွားတဲ့နေ့ရက်တွေတိုင်းမှာ
ဘဝက ကတယ် မပျော်စရာကြီး

တစ်ချို့ လောကဓံတွေက
ဟာသ လုပ်ပစ်လိုက်မှ သက်သာတယ်
တစ်ချို့သော ဒဏ်ရာတွေကျ
ပြုံးထားနိုင်မှ အဆင်ပြေတယ်

စိတ်ညစ်စရာတွေအရမ်းများလွန်းတဲ့အခါ
ဘယ်လောက်ပဲ ပြုံးထား ပြုံးထား
တကယ်ပျော်လာမှာတော့ မဟုတ်ပါဘူး
ဒါပေမယ့် ပြုံးထားပါ
ဘာဖြစ်လို့လဲဆိုတော့
အရာရာကို အပြုံးနဲ့ ရင်ဆိုင်တတ်ခြင်းဟာ
စိတ်ညစ်နေတာထက်စာရင်တော့
ခွန်အားတွေ တိုးစေသလို
ကိုယ့်ကိုယ်ကိုယ်လည်း
ယုံကြည်မှုတွေ ပိုရှိလာစေတယ်လေ

ရှုံသွားတာခြင်း တူရင်တောင်
ပြုံးထားတဲ့သူက သာတယ်

စိတ်ဓာတ်ကျတာခြင်း တူရင်တောင်
ပြုံးထားသူက ပြန်ထလာဖို့ လမ်းစတွေ့နိုင်တယ်

ဒုက္ခရောက်တာခြင်း တူရင်တောင်
ပြုံးထားတဲ့သူက စိတ်သက်သာရာရတယ်

အသည်းကွဲတာခြင်း တူရင်တောင်
ပြုံးထားနိုင်တဲ့သူက ခံနိုင်ရည် ပိုရှိတယ်

ပြုံးထားရုံနဲ့
တစ်ချို့ပြဿနာတွေ
ပြေလည်မသွားဘူးဆိုတာ သိပါတယ်
ပြုံးထားရုံနဲ့
စိတ်ညစ်စရာတွေ
တကယ်ပျောက်မသွားဘူးဆိုတာ သိပါတယ်
ဒါပေမယ့် ပြုံးထားပါ
ဘာမှ ထွက်ပေါက်ရှာမရရင်တောင်
အနည်းဆုံးတော့
ကိုယ်အဆင်မပြေတာတွေ လူမသိတော့ဘူးပေါ့
ကိုယ့်ထိခိုက် နာကျင်ခြင်းတွေအတွက်
လှောင်ရယ်မခံရတော့ဘူးပေါ့

အဆင်မပြေလဲ ပြုံးပါ

ရှင်သန်လိုစိတ် မရှိတော့တဲ့အခါတိုင်း ပြုံးပါ

အဆိုးလောကဓံတွေနဲ့ပဲကြုံကြုံ
အကောင်းလောကဓံတွေနဲ့ပဲကြုံကြုံ
ပျော်ရွှင်သည်ဖြစ်စေ
ဝမ်းနည်းသည်ဖြစ်စေ
အရာရာကို အပြုံးနဲ့ရင်ဆိုင်တတ်ခြင်းကလဲ
ဘဝနေနည်းတစ်မျိုးပါပဲ … … … … … ။

ZAWGYI

မၿပဳံးလိုက္ရပဲ
ကုန္ဆုံးသြားတဲ့ေန႔ရက္ေတြတိုင္းမွာ
ဘဝက ကတယ္ မေပ်ာ္စရာႀကီး

တစ္ခ်ိဳ႕ ေလာကဓံေတြက
ဟာသ လုပ္ပစ္လိုက္မွ သက္သာတယ္
တစ္ခ်ိဳ႕ေသာ ဒဏ္ရာေတြက်
ၿပဳံးထားႏိုင္မွ အဆင္ေျပတယ္

စိတ္ညစ္စရာေတြအရမ္းမ်ားလြန္းတဲ့အခါ
ဘယ္ေလာက္ပဲ ၿပဳံးထား ၿပဳံးထား
တကယ္ေပ်ာ္လာမွာေတာ့ မဟုတ္ပါဘူး
ဒါေပမယ့္ ၿပဳံးထားပါ
ဘာျဖစ္လို႔လဲဆိုေတာ့
အရာရာကို အၿပဳံးနဲ႔ ရင္ဆိုင္တတ္ျခင္းဟာ
စိတ္ညစ္ေနတာထက္စာရင္ေတာ့
ခြန္အားေတြ တိုးေစသလို
ကိုယ့္ကိုယ္ကိုယ္လည္း
ယုံၾကည္မႈေတြ ပိုရွိလာေစတယ္ေလ

ရႈံသြားတာျခင္း တူရင္ေတာင္
ၿပဳံးထားတဲ့သူက သာတယ္

စိတ္ဓာတ္က်တာျခင္း တူရင္ေတာင္
ၿပဳံးထားသူက ျပန္ထလာဖို႔ လမ္းစေတြ႕ႏိုင္တယ္

ဒုကၡေရာက္တာျခင္း တူရင္ေတာင္
ၿပဳံးထားတဲ့သူက စိတ္သက္သာရာရတယ္

အသည္းကြဲတာျခင္း တူရင္ေတာင္
ၿပဳံးထားႏိုင္တဲ့သူက ခံႏိုင္ရည္ ပိုရွိတယ္

ၿပဳံးထား႐ုံနဲ႔
တစ္ခ်ိဳ႕ျပႆနာေတြ
ေျပလည္မသြားဘူးဆိုတာ သိပါတယ္
ၿပဳံးထား႐ုံနဲ႔
စိတ္ညစ္စရာေတြ
တကယ္ေပ်ာက္မသြားဘူးဆိုတာ သိပါတယ္
ဒါေပမယ့္ ၿပဳံးထားပါ
ဘာမွ ထြက္ေပါက္ရွာမရရင္ေတာင္
အနည္းဆုံးေတာ့
ကိုယ္အဆင္မေျပတာေတြ လူမသိေတာ့ဘူးေပါ့
ကိုယ့္ထိခိုက္ နာက်င္ျခင္းေတြအတြက္
ေလွာင္ရယ္မခံရေတာ့ဘူးေပါ့

အဆင္မေျပလဲ ၿပဳံးပါ

ရွင္သန္လိုစိတ္ မရွိေတာ့တဲ့အခါတိုင္း ၿပဳံးပါ

အဆိုးေလာကဓံေတြနဲ႔ပဲႀကဳံႀကဳံ
အေကာင္းေလာကဓံေတြနဲ႔ပဲႀကဳံႀကဳံ
ေပ်ာ္႐ႊင္သည္ျဖစ္ေစ
ဝမ္းနည္းသည္ျဖစ္ေစ
အရာရာကို အၿပဳံးနဲ႔ရင္ဆိုင္တတ္ျခင္းကလဲ
ဘဝေနနည္းတစ္မ်ိဳးပါပဲ … … … … … ။