စံချိန်တင် အဝါကတ် အသုံးပြုတဲ့ ကွယ်လယ်ဒိုင် မာတီယူလာဟိုဇ့်

မနေ့ညက ဘာစီလိုနာ (၁-၁) အက်စပန်ညို ပွဲမှာ တာဝန်ယူခဲ့တဲ့ ကွင်းလယ်ဒိုင်

မာတီယူလာဟိုဇ့်ကို အားလုံးမှတ်မိကြမယ့် ထင်ပါတယ်။

သူဟာ ကမ္ဘာ့ဖလားတုန်းက နယ်သာလန် နဲ့ အာဂျင်တီးနားပွဲကို

ကိုင်တွယ်ခဲ့ပြီး စံချိန်တင် အဝါကတ် အသုံးပြုခဲ့တာကြောင့် မက်ဆီကိုယ်တိုင်

ထုတ်ဖော်ဝေဖန်ခဲ့ပြီးနောက် လက်ကျန်ပွဲတွေ ဆက်မကိုင်ရပဲ အိမ်ပြန်ခဲ့ရသူပါ။

မနေ့ညက လာလီဂါ ပွဲမှာလည်း လာဟိုဇ့်ဟာ အဝါကတ် (၁၄) ကတ် နဲ့

အနီကတ် (၂) ကတ်အထိအသုံးပြုခဲ့ပါတယ်။ ကွင်းလယ်ဒိုင်ရဲ့ လက်စွမ်းပြမှုမှာ

ဘာစီလိုနာ နည်းပြဇာဗီလည်း ပါဝင်ခဲ့ပြီး အဝါကတ်ပြခံခဲ့ရပါတယ်။

crd;