ထောင်ဒဏ်တစ်သက် ပြစ်ဒဏ်ချမှတ်

ရွှေပြည်သာမြိုတွင်နေထိုင်၍ အကြမ်းဖက်သမားများအား အပြစ်မဲ့ပြည်သူကို သတ်ဖြတ်ရန် စင်္ကာပူဒေါ်လာ ၃၅၀၀ နှင့်
မြန်မာငွေ ၇၅၂၅၀၀ ကျပ်တိုအား ငွေကြေးထောက်ပံ့ပေးခဲ့သူ အကြမ်းဖက်အားပေးတရားခံ သိန်းငွေ အား
အကဖ-၅၀(ည) အရ ထောင်ဒဏ်တစ်သက်ချမှတ်လိုက်သည်။
မြောက်ဥက္ကလာပမြိုနယ်အတွင်းနေထိုင်၍ တပ်မဟာ(၇)တွင် အကြမ်းဖက်စစ်သင်တန်းတက်ရောက်ခဲ့ခြင်း၊ မြောက်
ဥက္ကလာပမြိုနယ်၊ ဌ ရပ်ကွက် ရာအိမ်မှူးအား သေနတ်ဖြင့်ပစ်ခတ်လုပ်ကြံရာတွင် အခြေအနေစောင့်ကြည့်ပေးခြင်း
စတဲ့ အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်သူ အကြမ်းဖက်တရားခံများဖြစ်သော သန့်စင်အောင်နှင့် ကျော်မင်းအောင်
(ခ)ကျော်ကျော် တိုအား အကဖ-၅၀(က)အရ ထောင်ဒဏ်တစ်သက်ချမှတ်လိုက်သည်။
မြောက်ဥက္ကလာပမြိုနယ်အတွင်းနေထိုင်၍ တပ်မဟာ(၇)တွင် အကြမ်းဖက်စစ်သင်တန်းတက်ရောက်ခဲ့ခြင်း၊ မြောက်
ဥက္ကလာပမြိုနယ်၊ လျှပ်စစ်ရုံးအနီး၌ ချိန်ကိုက်မိုင်းဖောက်ခွဲခြင်း၊ နွယ်နီမီးပွိင့်အနီးတွင် ချိန်ကိုက်မိုင်းဖောက်ခွဲခြင်း စတဲ့
အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်ခဲ့သူ အကြမ်းဖက်သမား သက်မျိုးထိုက်(ခ)ဂျင်ဂျင် အား အကဖ-၅၀(ဈ)
အရ ထောင်ဒဏ်တစ်သက်ချမှတ်လိုက်သည်။
မြောက်ဥက္ကလာပမြိုနယ်အတွင်းနေထိုင်၍ တပ်မဟာ(၇)တွင် အကြမ်းဖက်စစ်သင်တန်းတက်ရောက်ခဲ့ခြင်း၊ မြောက်
ဥက္ကလာပမြိုနယ်၊ ၆ ကွေ့မှတ်တိုင်နှင့် ကျောင်းလမ်းမှတ်တိုင်အနီး ထမင်းဘူးပုံစံ ချိန်ကိုက်မိုင်းအား ဖောက်ခွဲခဲ့ခြင်း၊
စိန်ဂေဟာစတိုးဆိုင်အနီး Mytel ရုံးအား ဖောက်ခွဲဖျက်ဆီးရန် ကြံစည်ခဲ့ခြင်းစသည့် အကြမ်းဖက်သမား
သန့်စင်အောင် အား အကဖ-၅၀(ဈ)အရ ထောင်ဒဏ်တစ်သက်ချမှတ်လိုက်သည်။
မြောက်ဥက္ကလာပမြိုနယ်အတွင်းနေထိုင်၍ အကြမ်းဖက်ဖောက်ခွဲမှုပြုလုပ်ရာတွင် အသုံးပြုမည့် လက်နက်/ ခဲယမ်းများ
အား နေအိမ်တွင်သိမ်းဆည်းပေးခဲ့သည့် အကြမ်းဖက်အားပေးတရားခံ ကျော်မင်းအောင် အား အကဖ-၅၀(ဂ)အရ
အလုပ်ကြမ်းနှင့် ထောင်ဒဏ်(၁၀)နှစ် ချမှတ်လိုက်သည်။
လှိင်သာယာအရှေ့ပိုင်းမြိုနယ်၊ ဒိုင်းစုရွာတွင်နေထိုင်၍ လခရတပ်ဖွဲများ၏ သွားလာလှုပ်ရှားမှုများအား စောင့်ကြည့်
သတင်းပေးသူ အကြမ်းဖက်အားပေးတရားခံ ဟိန်းမြင့်အောင်(ခ)ကိုဟိန်း အား အကဖ-၅၂(က)အရ အလုပ်ကြမ်း
နှင့် ထောင်ဒဏ်(၇)နှစ် ချမှတ်လိုက်သည်။