စိုက်ပျိုးရေ လုံလောက်စွာ မရရှိခြင်း၏ အကြောင်းရင်းများ

နိုင်ငံအလယ်ပိုင်းဒေသမှလွဲ၍ အခြားဒေသများတွင် မိုးရေကို လုံလောက်စွာ ရရှိသည်ဟု ဆိုနိုင်ပါသည်။
နိုင်ငံအလယ်ပိုင်းဒေသတွင်မှု ရွာသွန်းသော မိုးရေချိန် ပမာဏ နည်းပါးခြင်း၊ မိုးပြတ်သော ကာလ
ကြာမြင့်တတ်ခြင်း၊ အပူချိန်မြင့်မား၍ သီးနှံပင် ရေလိုအပ်မှုများခြင်းအကြောင်းများအပြင် ရွာသွန်းသော
မိုးရေကို မြေဆီလွှာ အတွင်း စနစ်တကျ သိုလှောင်သိမ်းဆည်းနိုင်မှုမရှိခြင်းသည်လည်း သီးနှံပင်ရေလုံလောက်စွာ
မရခြင်း၏ အကြောင်းရင်း တစ်ရပ် ဖြစ်ပါသည်။
အချို့သော ဒေသ (အထူးသဖြင့် မိတ္ထီလာ၊ ပျော်ဘွယ်၊ ရမည်းသင်း) များတွင် ရွာသွန်းသော မိုးရေကို
မိရိုးဖလာနည်းဖြင့် ဖမ်းယူ၍ မြေဆီလွှာ စိုက်ခင်းအတွင်း စိမ့်ဝင်သွားအောင် ဆောင်ရွက်နေကြသည်ကို
တွေ့မြင်ရသော်လည်း များသောအားဖြင့်မူ မိုးကြီးရွာသွန်းပါက စိုက်ခင်းပြင်ပသို့ စီးထွက်သွားခြင်းဖြင့်
ရွာသွန်းသောမိုးရေကို စနစ်တကျ ဖမ်းယူ သိုလှောင်နိုင်ပါက မိုးနှောင်းသီးနှံများ၏ အောင်မြင်မှုနှုန်းသည်
ယခုထက်များစွာ မြင့်မားနိုင်ပါသည်။
မြေအောက်ရေအပြည့်အဝ အသုံးမပြုနိုင်ခြင်း အကြောင်းအရင်းများမှာ-
၁။ မြေအောက်ရေတွင် ဆားများပါဝင်နေခြင်း။
၂။ စက်ရေတွင်းတူးဖော်သော စာရိတ်ကြီးမားခြင်း။
၃။ စက်တပ်ဆင်ရသော စာရိတ်ဖြင့် ရေတင်ရေသာ စရိတ်ကြီးမားခြင်း။
၄။ စက်ရေတွင်းတူးဖော်ခြင်းနှင့် ရေတင်ခြင်းတွင် နည်းပညာအားနည်းခြင်း။
၅။ စက်ရေတွင်းတူးဖော်၍မရသည့်နေရာဖြစ်ခြင်း။ ကိုးကား-စိုက်ပျိုးရေးတက္ကသိုလ် ဘွဲ့ရများအသင်းမှ ထုတ်ဝေသော မဂ္ဂဇင်းမှ ပြန်လည်ကူးယူ ဖော်ပြထားခြင်း ဖြစ်ပါသည်။