မြေပဲကုန်ကြမ်းဈေးမြင့်တက်လို့ မြေပဲဆီဈေးပါ ထပ်တက်လာ

ရန်ကုန်နဲ့ မန္တလေး ကုန်စည်ဒိုင်တွေရဲ့သတင်းတွေအရ မြေပဲကုန်ကြမ်းဈေးဟာ ဝယ်လက်များတာနဲ့ ဈေးကစားတာတွေကြောင့် ဈေးမြင့်တက်နေပြီး မြေပဲဆီဈေးနှုန်းတွေပါ ထပ်တက်လာနေတယ်လို့ ဈေးကွက်ထဲကနေ သိရပါတယ်။

တရုတ်ဝယ်လက်တွေရဲ့ မြေပဲဆန်ဝယ်ယူမှု မြင့်တက်နေတာရယ် ဝယ်ယူသူများလို့ ဈေးပိုတက်အောင် မြေပဲကုန်ကြမ်းပိုလှောင်တာ ဈေးကစားတာတွေကြောင့်လည်း မြေပဲဆန်ကို ကုန်ကြမ်းလုပ်ကာ ကြိတ်ခွဲရတဲ့ မြေပဲဆီကြိတ်သူ ဆီစက်တွေလည်း ကုန်ကြမ်းဈေးမြင့်မှုအပေါ် အခက်ခဲဖြစ်နေတယ်လို့ ဆိုပါတယ်။

လတ်တလော စားသုံးသူ လက်လီဈေးကွက်ထဲမှာတော့ မြေပဲဆီ တစ်ပိဿာဈေးနှုန်းဟာ ငွေကျပ်၁၂၀၀၀ ကနေ ၁၃၀၀ကျပ် အထိဈေးရှိနေပြီး အခြားဆီထွက်သီးနှံကိုကြိတ်ခွဲရာက ရလာတဲ့ နှမ်းဆီ၊ နေကြာဆီ၊ ပဲပိစပ် ဆီ စတဲ့ ဆီအမျိုးအစားတွေက တစ်ပိဿာ၁၂၀၀၀ကျပ် နဲ့ စားအုန်းဆီ ဈေးနှုန်းတွေကတော့ တစ်ပိဿာ ၆၈၀၀ကျပ် အထိ ဈေးကွက်ဖြစ်ပေါ်နေပါတယ်။