စိတ်ကောင်းရှိဖို့ ပထမ

အလှူ အတန်းတွေ ဘယ်လောက်လုပ်လုပ်
တရားစခန်းတွေ ဘယ်လောက်သွားသွား
ပဌာန်း ပရိတ်တွေ ဘယ်လောက်ရွတ်ရွတ်
ဓမ္မစင်္ကြာတွေ ဘယ်လောက်ရွတ်ရွတ်
မဟာသမယသုတ်ကို
ဘယ်နှစ်ကြိမ်ရွတ်ပြီးသည်ဟုဆိုဆို
ပဌာန်း ၅ ကျမ်းလုံးကို
ဘယ်နှစ်ကြိမ်မြောက်ပူဇော်ပြီးသည်ဖြစ်ဖြစ်

(က)တစ်ဖက်လူ အကျိုးယုတ်အောင်
မြှောက်ပင့်ပေးတတ်သူဆိုပါက
(ခ) မကောင်းသည့်ကိစ္စကိုလုပ်ဖို့ တိုက်တွန်းပေးတတ်သူဆိုပါက
(ဂ)သင့်မြတ်နေသူတို့ကို မသိမသာ….
ရန်တိုက်ပေးတတ်သူဆိုပါက
ရန်ထောင်ပေးတတ်သူဆိုပါက
စိတ်ဝမ်းကွဲအောင်လုပ်တတ်သူဆိုပါက
အယုံအကြည်မဲ့အောင်လျှောက်ပြောတတ်သူဆိုပါက….
သူယုတ်မာ
အဆင့်မျိုးသာ ရှိသေးကြောင်းသိထားပါ။

ထိုကြောင့်
စိတ်ကောင်းရှိဖို့ ပထမ ဟု
သူတော်ကောင်းတို့ ဆုံးမခဲ့ပါသည်။

စိတ်ပုပ်စိတ်ယုတ်ရှိနေသမျှ လုပ်နေသမျှ ကုသိုလ်အလုပ်တွေအကျိုးပေး မကြီးမားကြောင်း သိထားပါ။

ထို့ကြောင့်
စိတ်ကောင်းထားပါ။
စိတ်ထားကောင်းပါ။
မြင့်မြတ်သောစိတ်မွေးမြူ ကျင့်ကြံပါ။

(ပါမောက္ခချုပ်ဆရာတော်)
ဒေါက်တာနန္ဒမာလာဘိဝံသ