စတော့ဟုမ်းမှာ ကိုရန်ကျမ်း မီးရှို့ခံရပြီးနောက် တူရကီက ဆွီဒင်ကိုနေတိုးအဖွဲ့ထဲဝင်ရောက်ဖို့ မထောက်ခံတော့

စတော့ဟုမ်းက တူရကီသံရုံးနားမှာ ကိုအန်ကျမ်းကို မီးရှို့ဆန္ဒပြမယ့်အပေါ်ခွင့်ပြုခဲ့တဲ့ ဆွီဒင်ရဲ့ လုပ်ရပ်ကို တူရကီက တုံပြန်လိုက်တာပါ။ နေတိုးမဟာမိတ်အဖွဲဝင်ဖြစ်လာဖို ဆန္ဒရှိနေတဲ့ ဆွီဒင်ကို သူတိုထောက်ခံမှာမဟုတ်ဘူးလို တူရကီသမ္မတအာဒိုဂန်ကသတိပေးပြောဆိုလိုက်တာပါ။

“ကျနော်တို သံရုံးရှေ့မှာ ဒီလိုစော်ကားမှုကို ခွင့်ပြုခဲ့သူတွေကို နေတိုးအဖွဲထဲ ဝင်ရောက်ဖို ကျနော်တိုဆီက ထောက်ခံချက်ကို မျှော်လင့်စရာမရှိတော့ပါဘူး” လို အာဒိုဂန်က ပြောဆိုခဲ့ပါတယ်။ ဒီလုပ်ရပ်နဲ့ပတ်သက်ပီး ဆော်ဒီ၊ ဂျော်ဒန်နဲ့ ကူဝိတ်တိုကလည်း ရှုတ်ချခဲ့ကြပြီး ဆွီဒင်နိုင်ငံခြားရေးဝန်ကြီးတော့ ဒီတုံပြန်မှုအပေါ်မှာ မှတ်ချက်မပေးချင်ဘူးလို ပြောဆိုခဲ့ပါတယ်။