စစ်သားသမီးဘဝ(၅)

 

တစ်တပ်လုံးအလုပ်တေရှုပ်နေကြတယ်…..
အမေတေက……ရှေ့တန်းပြန်စစ်သည်တေ..
ကြိုဆိုပွဲအတွက်ပြင်ဆင်နေသလို…..
ချက်ကြပြုတ်ကြပေါ့….(ပွဲတခုလိုပဲ)😍
သားသမီးတေကလည်း……စံပယ်ပန်းကုံး….နှင်းဆီပန်းကုံး….အောင်သပြေ…
နဲ့ချိုချဉ်ပန်းကုံးလေးတေ….ကိုယ်စီ…ထိုင်သီရင်း….
ရှေ့တန်းထွက်သွားတာကြာပီ…ဖစ်တဲ့..အဖေတေရဲ့ပုံသဏ္ဍန်ကို……. ပုံဖော်ရင်းအပြုံးကိုယ်စီနဲ့…..အပြင်…..
ပြောဖို့စကားတေကများလွန်းလို့…..စီနေရတယ်😊
တော်တော်များများမိဘတေက…..ရှေ့တန်းပြန်ဝင်ခါနီးဆို…..သားသမီးတေကို…မရှိရှိတာလေးနဲ့…
အကျီအသစ်ချုပ်ပေးကြတာပဲ…..😙
ကိုယ်တေရဲ့အပျော်ဆုံးအချိန်ပေါ့…😁
အမေတေက….တူညီဝတ်စုံနဲ့….
ညနေ ၄နာရီခွဲ….ရှေ့တန်းဝင်မှာတဲ့…..
အဲ့…တော့..၄နာရီမှာ….အကုန်လက်စသတ်…ပြီး…ဖီးလိမ်းပြင်ဆင်ပေါ့…..
(အဲ့ဒီအပျော်က…ဘာနဲ့မှမတူတာ)….
၄ခွဲ…..တပ်မုခ်ဦးအဝင်လမ်းကနေစပြီး
လမ်းတဖက်တချက်စီမှာ……သားအမိတေ…ကိုယ်စီ…ကိုယ်စီ…နေရာယူပီးပီ..😛
လက်ထဲမှာလည်းပန်းကုံးတေရော ရေဘူးတေရော..😅

အဲ့ထဲက….စောင့်နေလိုက်တာ….
၅ခွဲ…လည်းရောက်ရော… RPက….ဟေ့ အကုန်အဆင့်သင့်လုပ်ထား…..တစ်မှတ်တိုင်လောက်ပဲလို….တော့တယ်…📢အော်တော့…
အကုန်လုံး…ဝေး………ဟေး….နဲ့ပေါ့…
လှုပ်လှုပ်ရွရွတေဖစ်လို့…..
နောက် ၇နာရီထိုးလည်းမရောက်သေး…..
ဗိုက်တေကဆာနေပီ….မစားသေးဘူး
အဖေနဲ့မှ.. စားချင်လို့….ကြိတ်မှိတ်စောင့်😖
(ရေသောက်လိုက်…စောင့်လိုက်ပဲ)
အကုန်လုံး….ငြိမ်နေပီ….ေညာင်းနေကြပီလေ….တချို့ကလေးတေဆို…အိပ်တောင်နေပီ😌
၈ခွဲ…..တပ်က…..ငှားထားတဲ့………..အိုးစည်…ဒိုးပတ်သမားတေစီက ညံနေအောင်….တီးခတ်သံတေထွက်လာပီး….
တပ်နေကျန်ခဲ့တဲ့စစ်သည်တချို့ရဲ့…ဝေးဝါးဝေးဝါး….အော်သံတေလည်းညံလို့….
စစ်သီချင်းတေလည်း..ဖွင့်ပီ….
သေချာပီ…..လမ်းထိပ်ရောက်နေပီ😀😀😀
အကုန်ပြန်လှုပ်ရွလို့တက်ကြွနေကြပီ….
(အားလုံး လည်တဆန်ဆန့်နဲ့)
တပ်ဂိတအဝင်ကနေစပြီး…ရှေ့တန်းဝင်စစ်သည်တေရဲ့…..အော်သံတေညံလို့….
,……🔊မိန်းမရေ့……..ဟေ့…သားရေ့…သမီးရေ့နဲ့….
(မမြင်ရသေးဘူး…ရမ်းအော်နေကြတာ….ထူးတဲ့သူကလည်း..
.'(ရမ်းထူးပဲ…ဟုတ်ဟုတ်မဟုတ်ဟုတ်🤣🤣🤣🤣)…
ဟော….တွေ့ပါပီ…အဖေစစ်သားကြီး……😍😍

crd….Su Yee အပိုင်း၅….ဆက်ရန်ရှိသေးသည်✍✍

thanks