စစ်တွေဘဏ်ခွဲမှလွဲပြီး ယာယီပိတ်ခဲ့တဲ့ဘဏ်ခွဲ ၆ ခု ပြန်လည်ဖွင့်လှစ်

မုန်တိုင်းတိုက်ခတ်ပြီးနောက် ရာသီဥတုနှင့် အင်တာနက်လိုင်း အခက်အခဲတွေကြောင့် ယာယီပိတ်ထားခဲ့တဲ့ CB ဘဏ်ခွဲ ၆ ခုဖြစ်တဲ့ ကျောက် ဖြူ၊ ငပလီ၊ သံတွဲ ၊ တောင်ကုတ်၊ ဂွ နှင့် ဂန့်ဂေါ ဘဏ်ခွဲတွေကို မေလ ၁၆ ရက်မှစတင်ပြီး ပုံမှန်အတိုင်းဖွင့်လှစ်ပြီဖြစ်ကြောင်းသိရပါတယ်။

ယာယီပိတ်ခဲ့တဲ့ ဘဏ်ခွဲ ၇ ဘဏ်အနက် စစ်တွေဘဏ်ခွဲမှလွဲပြီး ကျန်ဘဏ်ခွဲတွေကို ပုံမှန်အတိုင်းဖွင့်လှစ်မည်ဖြစ်ပေမယ့် မုန်တိုင်းကြောင့် ထိခိုက်ပျက်စီးမှုများခဲ့တဲ့ စစ်တွေမြိုရှိ CB ဘဏ်ခွဲကိုတော့ ဆက်လက်ယာယီပိတ်ထားမှာဖြစ်ပြီး ပြန်လည်ဖွင့်လှစ်ပါက ထပ်မံကြေညာပေးသွားမယ်လို့ဆိုပါတယ်။