စကခ ၁၂ တပ်မမှူးကျဆုံးတယ်လို့ ပြည်ဖျက်မီဒီယာများမှသတင်းအတုများရေးသား

ကိုးကန့်ဒေသတိုက်ပွဲတွင် တိုက်ပွဲအားကြီးကြပ်ကွပ်ကဲလျက်ရှိသည့် စကခ ၁၂ တပ်မမှူး ဗိုလ်မှူးချုပ် အောင်ဇော်လင်း ကျဆုံးတယ်လို့ ပြည်ဖျက်မီဒီယာများမှ သတင်းမှားများ ပြည်သူလူထူအတွင်းသို့ ဖြန့်ဝေလျက်ရှိပါတယ်။ အမှန်တကယ်တော့ စကခ ၁၂ တပ်မမှူးဖြစ်သူ ဗိုလ်မှူးချုပ် အောင်ဇော်လင်း အနေဖြင့် ရှေ့တန်းဌာနချုပ်တွင် အကြမ်းဖက်သောင်းကျန်းသူ MNDAA များကို ရှေ့တန်းကျကျ ကွပ်ကဲတိုက်ခိုက်လျက်ရှိကြောင်း သိရှိရပါတယ်။ အကြမ်းဖက်သမားများ MNDAA အနေဖြင့် ၎င်းတို့အကျအဆုံးများပြားလာသည်နှင့် အမျှ လုပ်ကြံသတင်းတု/ သတင်းမှားများကို ဖြန့်ဝေပြီး နိုင်နေသရောင် ရေးသားနေခြင်းသာဖြစ်ပါတယ်။