ကျောင်းဆင်းဗိုလ်လောင်းများကို ဂုဏ်ပြုရေးသားထားတဲ့ နောင်တော်စစ်သည်များတို့ သီချင်းလေးပါ

ဒီဇင်ဘာ ၈ ရက်နေ့ ယနေ့မှာတော့ စစ်တက္ကသိုလ် အမှတ်(၆၅) ဗိုလ်လောင်းသင်တန်း ကျောင်းဆင်းပွဲ စစ်ရေးပြအခမ်းအနားကို ကျင်းပခဲ့ရာ ကျောင်းဆင်းသွားကြတဲ့ နောင်တော်ဗိုလ်လောင်းများကို ဂျူနီယာဗိုလ်လောင်းများမှ ဂုဏ်ပြုသီဆိုထားတဲ့ သီချင်းလေးပဲ ဖြစ်ပါတယ်။ ဒီသီချင်းလေးကိုတော့ ၁၉၇၂ ခုနှစ်မှာ ကျောင်းဆင်းပွဲစစ်ရေးပြအခမ်းအနားမှ ထွက်ခွာစဉ် သီဆိုရန်အတွက် ရေသားထားခြင်းပဲ ဖြစ်ကာ နောင်တော်စစ်သည်များ ကျောင်းဆင်းပြီး တိုင်းပြည်တာဝန်များကို ကျေပွန်စွာထမ်းဆောင်နိုင်ဖို့ အားပေးထားတဲ့သီချင်းလေးဖြစ်သလို သီချင်းလေးထဲမှာ ဗိုလ်လောင်းတစ်ယောက်နဲ့ တစ်ယောက် သံယောဇဉ်တရားကြီးမားပုံတွေကိုပါ တွေ့မြင့်နိုင်မှာပဲ ဖြစ်ပါတယ်။