ဂျပန်နိုင်ငံတွင် မျောက်ကျောက်ရောဂါဖြင့်သေဆုံးသူ စတင်တွေ့ရှိ

ဂျပန်နိုင်ငံ တိုကျိုမြို့အနီးရှိ ဆိုင်းတမစီရင်စုတွင် နေထိုင်သော အသက် ၃၀ အရွယ် အမျိုးသားတစ်ဦးသည် မျောက်ကျောက်ရောဂါဖြင့် သေဆုံးခဲ့ပြီး နိုင်ငံအတွင်း မျောက်ကျောက်ရောဂါဖြင့် ပထမဆုံးသေဆုံးမှုဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ယမန်နေ့က ပြောကြားခဲ့သည်။

      ဝန်ကြီးဌာန၏ အဆိုအရ အဆိုပါ အမျိုးသားသည် အိပ်ချ်အိုင်ဗွီပိုး ကူးစက်ခံရခြင်းကြောင့် ခုခံအားကျဆင်းမှုဝေဒနာခံစားခဲ့ရသည်ကို စစ်ဆေးတွေ့ရှိရပြီး စက်တင်ဘာလတွင် ပြည်တွင်းရှိ ဆေးရုံတစ်ခုတွင် စစ်ဆေးခဲ့ရာမှ မျောက်ကျောက်ရောဂါပိုးတွေ့ရှိခဲ့ကြောင်း ဝန်ကြီးဌာနက ထပ်လောင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ဂျပန်နိုင်ငံသည် နိုင်ငံ၏ ပထမဆုံးမျောက်ကျောက်ရောဂါကူးစက်မှုကို ယမန်နှစ် ဇူလိုင်လတွင် အတည်ပြုခဲ့သည်။ ဒီဇင်ဘာ ၃ ရက်အထိ တစ်နိုင်ငံလုံးတွင် အတည်ပြုလူနာ ၂၂၇ ဦး ရှိပြီ ဟု ဝန်ကြီးဌာနက ပြောသည်

      မျောက်ကျောက်ရောဂါသည် အဖျားကြီခြင်း၊ ခေါင်းကိုက်ခြင်းနှင့် အဖုအပိမ့်များ ဖြစ်ပေါ်စေပြီး ရောဂါလက္ခဏာများသည် နှစ်ပတ်မှ လေးပတ်ခန့်ကြာမြင့်သည်။ ယခုနှစ် မေလတွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က မျောက်ကျောက်ရောဂါ ကူးစက်ခံရသူ အရေအတွက် ကျဆင်းလာခြင်းကြောင့် မျောက်ကျောက် ရောဂါကူးစက်မှုကို ကမ္ဘာ့ကျန်းမာရေးဆိုင်ရာ အရေးပေါ်အခြေအနေမှ ပယ်ဖျက်ကြောင်း ကြေညာခဲ့သည်။