ချောင်းနှစ်ခွမှ သူရဲကောင်းများ (၃)

ဒီလိုမြင့်မြတ်စွာ ကျဆုံးသွားတဲ့ တပ်သား သိန်းထိုက်အောင် ရဲ့ အသက်မဲ့ ခန္ဓာအား ဆက်သွယ်ရေးမြောင်း အတွင်းမှနေ၍ မြေခွေးကျင်းတူးကာ မြုပ်နှံပြီး ဆက်သွယ်ရေးမြောင်းအတွင်းမှာပဲ ဗိုလ်ကြီး ဇေယျက အမိန့်ပြန်ပေးခဲ့ပါတယ်။

တပ်မတော်(လေ)မှ ထောက်ပံ့ပေးခဲ့တဲ့ ရိက္ခာတွေနဲ့ပတ်သက်ပြီး ဗိုလ်ကြီး ဇေယျက “ ဒီရိက္ခာတွေကို ပုံမှန်အတိုင်းချက်စားမယ်ဆိုရင် ၅ ရက်လောက်ပဲ ခံမယ်… ဆန်ပြုတ်ပြုတ်စားမယ်ဆိုရင်တော့ ၁၅ ရက်လောက်ထိ ရိက္ခာလည်းမပြတ်၊ ရက်ကြာကြာလည်း ဆွဲဆန့်ပြီးစားလိုရမယ်… ဒါကြောင့် ကျွန်တော်တို ဆန်ပြုတ် ပြုတ်စားကြမယ်ဆိုပြီး ဆုံးဖြတ်ကာ နေ့စဉ် ဘန်ကာများအတွင်းမှာပင် ချက်ပြုတ်စားသောက်ခဲ့ကြပါတယ်။

အကြမ်းဖက်သမားများဟာ ချောင်းနှစ်ခွရွာအတွင်း အင်အားစုဖွဲလိုက် စခန်းကို နေ့စဉ်ရက်ဆက် လက်နက်ကြီး၊ လက်နက် ငယ်၊ Drone များ၊ အင်အားအလုံးအရင်းဖြင့် ဗျူဟာတွေ ပြောင်းလဲတိုက်နေပေမယ့် မိမိစခန်းကို မတိုက်နိုင်ဘဲ အကြိမ်ကြိမ်ပြန်လန်ကြကာ အထိနာလျက်ရှိနေပါတယ်။

ဒါ့အပြင် ရန်သူဟာ စခန်းနဲ့ မီတာ ၁၀၀ လောက်အကွာမှာသာရှိနေတဲ့အတွက် အဆိုပါနေရာတွေကို MI-35 နဲ့ ပစ်ခတ်တိုက်ခိုက်ပေးဖို ဗိုလ်ကြီး ဇေယျမှ တင်ပြတောင်းခံခဲ့ပါတယ်။ ရန်သူနဲ့ နီးကပ်နေတာဖြစ်တဲ့အတွက် ဗုံးကြဲတိုက်ခိုက်ပါက မိမိအဖွဲ့တွေပါ ထိခိုက်နိုင်ပြီး  အန္တရာယ်များတဲ့အတွက် MI-35 ပစ်ခတ်ပေးဖို့ တောင်းဆိုခဲ့တာဖြစ်ပါတယ်။ ဒါ့ကြောင့် အဆိုပါနေရာကို MI-35 ဖြင့် အဆက်မပြတ် ပစ်ခတ်ချေမှုန်း ပေးခြင်းတို့ကြောင့် ရန်သူများထိခိုက်မှုများသွားခဲ့ပါတယ်။

ဒါတွေကလည်း စခန်းမှာခေါင်းဆောင်နေတဲ့ ဗိုလ်ကြီး ဇေယျရဲ့ စစ်နည်းပရိယာရ်ကောင်းခြင်း၊ စစ်သည်တွေရဲ့ စိတ်ဓာတ်ကြံ့ခိုင်ခြင်းတို့ကြောင့် ရန်သူမတိုက်ခိုက်နိုင်ခြင်းဖြစ်ပါတယ်။

ညအချိန်တွေမှာဆိုရင်လည်း အကြမ်းဖက်သမားတွေက ကျေးရွာအတွင်းရှိ ပြည်သူတွေရဲ့ နွားများ၊ ဝက်များကို စခန်းအပေါ်ကို မောင်းတင်ပြီး ကျည်ဆံတွေကုန်အောင်လုပ်ပေမယ့် စစ်သည်တွေရဲ့ ပါးနပ်မှုကြောင့် ကျည်ဆံမကုန်သည့်အပြင် စားသောက်ရေးအတွက်ပင် အဆင်ပြေပြေဖြစ်ခဲ့ပါသေးတယ်။ တိုက်ပွဲဖြစ်ပွားချိန် ရက်ပေါင်း ၄၀ ကျော်လောက်မှာတော့ ရိက္ခာတွေနည်းပါးလာကြောင်း ဗိုလ်ကြီး ဇေယျမှ ဗျူဟာမှူးထံ ထပ်မံသတင်းပိုခဲ့ပါတယ်။ လေကြောင်းထောက်ပံ့မှု ချက်ချင်းမရနိုင်တာဖြစ်တဲ့အတွက် ဗျူဟာတွင် အကြမ်းဖက်သမားများထံမှ ဖမ်းဆီးရမိထားသည့် ဒရုန်းများတွင် ဆန်(၂) ပြည်အိတ်များ ချိတ်ကာ ချောင်းနှစ်ခွစခန်းကို ဗျူဟာမှူးမှ ရောက်အောင်ပို့ပေးခဲ့ပါတယ်။ ဒါကလည်း ဗျူဟာမှူး တစ်ယောက် မိမိတပည့်တွေအပေါ်မှာထားရှိတဲ့ ရဲဘော်ရဲဘက်စိတ်ကို ဖော်ပြနေတာဖြစ်ပါတယ်။ တိုက်ပွဲဖြစ်ပွားနေစဉ် ကာလတစ်လျှောက်လုံးမှာလည်း ဗိုလ်ကြီး ဇေယျနဲ့ စခန်းမှာရှိတဲ့ စစ်သည်တွေ အားလုံးကို စိတ်ဓာတ်ခွန်အား အမြဲပေးခဲ့ပါတယ်။ တိုက်ပွဲရက်တွေ ရှည်ကြာလာတာနဲ့အမျှ အကြမ်ဖက်သမားတွေဟာ ချောင်းနှစ်ခွစခန်းကို တိုက်ခိုက်သိမ်း ပိုက်နိုင်ခြင်းမရှိတဲ့အပြင် ထိခိုက်မှုတွေသာ များလာတဲ့အတွက် စိတ်ဓာတ်တွေ ပျက်ယွင်းလာကြပါတယ်။ ဒါ့အပြင် ချောင်းနှစ်ခွစခန်းကိုလာတဲ့ တပ်မတော်စစ်ကူတွေရဲ့ ပြန်လည်ပိတ်ဆို့ခံလိုက်ရတဲ့အတွက်  ကျဉ်းထဲကြပ်ထဲရောက်သွားကြပါတယ်။  အခြေအနေမကောင်းမှန်း သိသွားတဲ့ အကြမ်းဖက်သမားများဟာ ၂၈-၁၂-၂၀၂၃ ရက်နေ့မှာ စတင်ထွက်ပြေးနေကြပြီး ၂၉-၁၂-၂၀၂၃ ရက်နေ့မှာ ချောင်းနှစ်ခွ ကျေးရွာမှာ ဆက်မနေရဲတော့ဘဲ အကုန်ပြန်ထွက်ပြေးသွားကြပါတော့တယ်။

တိုက်ပွဲကြာချိန် ၅၁ ရက်မြောက်နေ့ ၃၀-၁၂-၂၀၂၃ ရက်နေ့ မှာတော့

  • တပ်မတော်သမိုင်းတစ်လျှောက် အရှည်ကြာဆုံး အောင်အောင်မြင်မြင် ခံစစ်ဆင်ခဲ့တဲ့တိုက်ပွဲတစ်ခု၊
  • ရန်သူရဲ့တိုက်စစ်ကို အကြိမ်ကြိမ် ချေဖျက်နိုင်ခဲ့တဲ့ တိုက်ပွဲတစ်ခု၊
  • တပ်မတော်သားများနဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲဝင်များရဲ့ ဇွဲ၊ သတ္တိ ဘယ်လောက် မာကျောခဲ့သလဲဆိုတာ မှတ်ကျောက်တင်ပြနိုင်ခဲ့တဲ့ တိုက်ပွဲတစ်ခု၊
  • အဆမတန်အင်အားများတဲ့  ရန်သူလက်အောက်မှာ အညံ့ခံဖို့ လုံးဝမတွေးဘဲ စခန်းကျဆုံးခဲ့ပါက မိမိကိုယ်မိမိ အဆုံးစီရင်ဖို့အထိ ဆုံးဖြတ်ချက်ပြတ်သားခဲ့တဲ့ သူရဲကောင်းတွေ ပေါ်ထွန်းခဲ့တဲ့ တိုက်ပွဲတစ်ခု၊
  • တိုက်ပွဲကျသွားတဲ့ မိမိရဲဘော်ရဲဘက်တွေကို ဆက်သွယ်ရေးမြောင်းထဲမှာပဲ ဒူးထောက်အလေးပြုပြီး အမိန့်ပြန်ခဲ့ရတဲ့ တိုက်ပွဲတစ်ခု၊
  • နောက်ဆုံးထွက်သက်ထိ စစ်သားတစ်ယောက်ရဲ့ တာဝန်ကျေပွန်အောင်ထမ်းဆောင်ပြသွားတဲ့ တိုက်ပွဲ တစ်ခု၊
  • ကျဆုံးသွားတဲ့ တပ်ရင်းမှူးအမှာစကားကို ဗိုလ်ကြီးတစ်ဦးက စစ်ကိုနိုင်အောင်တိုက်ပြီး အသက်ထက် တန်ဖိုးထားနာခံကြောင်း သက်သေပြသွားတဲ့ တိုက်ပွဲတစ်ခု၊
  • ငါသေသေ မသေသေ မင်းတို့အားလုံးကို အိမ်ပြန်ရောက်အောင် ပိုပေးမယ်လို့ ပြောတဲ့ ဗိုလ်ကြီး ဇေယျရဲ့ လေးစားဖွယ်ခေါင်းဆောင်တစ်ယောက်ရဲ့ စိတ်ဓာတ်ကို ဖော်ပြခဲ့တဲ့တိုက်ပွဲတစ်ခု၊
  • အထက်လူကြီး ဗျူဟာမှူးတစ်ယောက်က မိမိတပည့်တွေအပေါ်မှာထားတဲ့ သံယောဇဉ်တရားကို ဖော်ပြပေးခဲ့တဲ့ တိုက်ပွဲတစ်ခု။

ဒီတိုက်ပွဲ
ချောင်းနှစ်ခွတိုက်ပွဲ မြန်မာ့တပ်မတော်သမိုင်းအတွက်တော့ ဗိုလ်ကြီး တစ်ယောက်ရဲ့ ခေါင်းဆောင်မှုကောင်းခြင်းကြောင့် သမိုင်းမော်ကွန်းသစ်ထပ်တင်ရမယ့် နေ့သစ်တစ်ခုကို ရောက်ရှိခဲ့ပြန်ပါပြီ။

တပ်ရင်းမှူးကျဆုံးပြီးနောက် ၂၇-၁၁-၂၀၂၃ ရက်နေ့မှ ၃၀-၁၂-၂၀၂၃ ရက်နေ့အထိ ၃၄ ရက်ကြာသည့်တိုင် အခက်အခဲမျိုးစုံကြားမှ ချောင်းနှစ်ခွစခန်းကို ရန်သူ့လက်အောက်မကျရောက်အောင် ခေါင်းမှုကောင်း ကောင်းဖြင့် ဆောင်ရွက်ခဲ့တဲ့ ဗိုလ်ကြီး ဇေယျနှင့် စစ်သည်တော်ကောင်းများ ပီသစွာ စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့တဲ့စစ်သည်များနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲဝင်များရဲ့ လုပ်ဆောင်ချက်များကို ဂုဏ်ပြုရေးသား တင်ပြပေးလိုက်ပါတယ်ခင်ဗျာ။

(ယခုရေးသားချက်များသည် ချောင်းနှစ်ခွစခန်းမှ လုပ်ဆောင်ချက်များဖြစ်ပြီး စစ်ကူ/ပစ်ကူအဖွဲတွေရဲ့ လုပ်ဆောင်မှုတွေကိုလည်း သီးခြားရေးတင်ပေးပါမယ်ခင်ဗျာ)

(အပိုင်း -၄ အား ဆက်လက်ဖော်ပြပေးပါမည်)