ရင်ဖွင့်ဆွေးနွေးရန် ဖိတ်ခေါ်အပ်ပါသည်..

တပ်မတော်၌တာဝန်ထမ်းဆောင်နေကြသော စစ်သည်အဆင့်တန်းအားလုံးအနေဖြင့် မိမိတို့၏ သက်သာချောင်ချိရေး၊ ရပိုင်ခွင့်အခွင့်အလမ်းများနှင့်ပတ်သက်ပြီး ဆုံးရှုံးနေရတယ်လို့ ခံစားနေတယ်ဆိုရင် ရဲဝံ့စွန့်စားပြည်ချစ်သား call center ဖုန်းနံပါတ် ၀၉-၆၆၈၆၄၀၆၁၁ သို့ဆက်သွယ်၍ ရင်ဖွင့်ဆွေးနွေးနိုင်ကြောင်းနှင့် Website စာမျက်နှာရှိ Chat Box (သို့) ရင်ဖွင့်ဆွေးနွေးကဏ္ဍများသို့လည်း ရေးသားပေးပို့နိုင်ပါတယ်။ ဒီလိုရင်ဖွင့်ဆွေးနွေးလာတဲ့ အရာရှိစစ်သည်များကိုလည်း တစ်စုံတစ်ရာ အပြစ်ပေး အရေးယူခြင်းမရှိ၊ ငြိုငြင်ခြင်းမရှိစေရပါ။

အထူးသတိပြုရမည့်အချက်မှာ တပ်ပြောင်းရွှေ့လိုကြောင်း ရင်ဖွင့်ဆွေးနွေးမှုများအတွက် အရာရှိများအနေဖြင့် စစ်ရာထူးခန့်ချုပ်ရုံး၏ သတ်မှတ်ထားသော မူဝါဒများနှင့် ကိုက်ညီမှုရှိရမည်ဖြစ်ပြီး စစ်သည်များအနေဖြင့် စစ်ရေးချုပ်ရုံး၏ သတ်မှတ်ထားသော မူဝါဒများနှင့် ကိုက်ညီမှုရှိရမည်ဖြစ်သလို ဖြစ်စဉ်အကြောင်းအရာ မှန်ကန်မှုရှိ/မရှိ စသည့်အချက်များအား ဦးစွာစိစစ်ပြီးမှသာ ဆောင်ရွက်ပေးခြင်း ဖြစ်ပါသည်။

ရဲဝံ့စွန့်စားပြည်ချစ်သား Call center နှင့် Chat Box သို့ လာရောက်ဆက်သွယ်ပြောဆိုတဲ့ အရာရှိ၊စစ်သည်များရဲ့ ရင်ဖွင့်ဆွေးနွေးချက်တွေကို ဆောင်ရွက်ပေးမှုများစွာရှိခဲ့ပြီး ၎င်းတို့အနက်မှ အချို့ကို ထုတ်နုတ်တင်ပြရလျှင်-

၁။ စခတ(–)ရှိ အရာရှိတစ်ဦး မှ၂၀၁၂-၂၀၁၃ ခုနှစ် ကချင်ပြည်နယ်စစ်ဆင်ရေး ပွိုင့်(၉၃၆) စခန်းကုန်းတိုက်ပွဲတွင် အောင်မြင်မှုရရှိခဲ့သဖြင့် ကာကွယ်ရေး ဦးစီးချုပ်သူရဲကောင်းလက်မှတ် ရရှိခဲ့ပါသည်။ ထိုတိုက်ပွဲတွင် စတသ (–)နှင့် စတသ(–)မှ အရာရှိများ တစ်ဆင့်မြင့်ရာထူးများ ရရှိခဲ့သော်လည်း ၎င်းအနေဖြင့် ရာထူးတိုးမရရှိခဲ့သလို အမှတ်စဉ်တူ သူငယ်ချင်းများ ရာထူးတိုး ပါသော်လည်း ၎င်းအရာရှိအနေဖြင့် မပါဝင်ခဲ့သဖြင့် လာရောက်ရင်ဖွင့်ဆွေးနွေးခဲ့ခြင်းဖြစ်ပြီး ဆွေးနွေးချက်အား တင်ပြခဲ့ရာ အချက်အလက်များ ကိုက်ညီမှုရှိသဖြင့် ၂၇ -၃- ၂၀၂၃ ရက်တွင် ဗိုလ်မှူးအဆင့်သို့ တိုးမြှင့်ပေးခဲ့ပါသည်။

၂။ ခလရ(–)၊ကော့ကရိတ်မြို့တွင် တာဝန်ထမ်းဆောင်ခဲ့သော တပ်ကြပ်ကြီးတစ်ဦး၏ဇနီးဖြစ်သူမှ ခင်ပွန်းဖြစ်သူ ကျဆုံးသွားခဲ့ပြီးနောက် ရရှိခံစားရမည့် ခံစားခွင့်များနှင့်ပတ်သက်၍ မရရှိဘဲကြန့်ကြာနေသည့်အကြောင်းအရာများနှင့် မိမိရင်ဆိုင်ကြုံတွေ့နေရသည့် အခက်အခဲများကို ရင်းနှီးပွင့်လင်းစွာ လာရောက်ဆွေးနွေးခဲ့သဖြင့် ရဲဝံ့စွန့်စား ပြည်ချစ်သားမှဆွေးနွေးချက်များအား တင်ပြခဲ့ရာ ကာယကံရှင်၏ခံစားခွင့်/ရပိုင်ခွင့်များဖြစ်သည့် သေဆုံးမှုဆုကြေး၊ ဂရုဏာဆုကြေး၊ လစဉ်ကြေး- ငွေအား မြန်မာ့စီးပွားရေးဘဏ်တွင် ထုတ်ယူရရှိခဲ့ပြီး ဒုအရာခံဗိုလ်အဆင့်သို့ စစ်မြေပြင်အဆင့်တိုးဖြင့် တိုးမြှင့်ခွင့်ပြုခဲ့ပါသည်။

၃။ ဆအတ(-)တွင် တာဝန်ထမ်းဆောင်နေသော စစ်သည်တစ်ဦးမှ ၂၀၀၈ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ ထည့်ဝင်ထားရှိသော အသက်အာမခံမရရှိခဲ့မှုနှင့် ပတ်သက်၍ ရင်ဆိုင်ကြုံတွေ့နေရသည့် အခက်အခဲများကို လာရောက်ဆွေးနွေးခဲ့ခြင်းဖြစ်ပြီး ဆွေးနွေးချက်အား တင်ပြခဲ့ရာ ၁-၃-၂၀၁၈ မှ ၁-၃-၂၀၂၃ ရက်အထိ အာမခံထားရှိငွေ ၅၀၀၀၀၀ ကျပ်အား အောင်မြင့် မိုရ်မင်း အာမခံကုမ္ပဏီတွင် တောင်းခံတင်ပြ ထုတ်ယူရရှိခဲ့ပါသည်။

၄။ အမှတ်(-) ကာကွယ်ရေးပစ္စည်းစက်ရုံ ရှိ တပ်ကြပ်ကြီး တစ်ဦး၏ မိခင်ဖြစ်သူ မှ စက်ရုံဝင်းအတွင်း တောမီးလောင်မှုဖြစ်ပွားပြီး မီးငြိမ်းသတ်စဉ် သေဆုံးသွားသော သားဖြစ်သူ တပ်ကြပ်ကြီး၏ ခံစားခွင့်ရရှိရေးနှင့် ပက်သက်၍ ဆွေးနွေးလာခဲ့ခြင်းဖြစ်ပြီး တင်ပြဆောင်ရွက်ခဲ့ရာ အဆိုပါတပ်ကြပ်ကြီး ၏ အခြားခံစားခွင့်များနှင့် ၃၁-၇-၂၀၁၇  ရက်မှ ၃၀-၆-၂၀၂၂ ရက် အထိ ၅ နှစ်သက်တမ်းအတွက် အသက်အာမခံ ၅ သိန်းကျပ်ကို ထုတ်ပေးခဲ့ပြီးဖြစ်ပါသည်။

၅။ မဆရ (–) တွင် တာဝန်ထမ်းဆောင်နေသော အရာရှိတစ်ဦးမှ အင်းဝဘဏ်နှင့် ချိတ်ဆက်ထားသော DMM Application error တက်ခြင်းများ ဖြစ်နေသောကြောင့် ၎င်း Application အစား mytel pay (သို့မဟုတ်) kpay နှင့် ပြောင်းလဲချိတ်ဆက် အသုံးပြုပေး နိုင်ပါရန် အကြံပြုခဲ့သဖြင့် အကြုံပြုချက်အား တင်ပြခဲ့ရာ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းအနေဖြင့် ယခုအခါ DMM Application ကို သုံးစွဲခြင်းမရှိတော့ပဲ ရှေ့တန်းရှိ တပ်မတော်သားများထံသို့ ငွေလွှဲပို့နိုင်ရေး မြန်မာမိုဘိုင်း ငွေကြေးဝန်ဆောင်မှု ကုမ္ပဏီလီမီတက် ၏ MMM/Mytel Pay /AYA  Pay တို့ နှင့် ချိတ်ဆက်၍ အသုံးပြုနိုင်အောင် ဆောင်ရွက်ထားရှိပါသည်။

၆။ စစ်သမိုင်းပြတိုက်နှင့်တပ်မတော်မော်ကွန်းတိုက်မှူးရုံးတွင် တာဝန်ထမ်းဆောင်နေသော အရာရှိတစ်ဦး မှအချိန်စေ့အလွတ်ခုန် လေထီးသင်တန်း ၊ လေထီးခုန်လေ့ကျင့်နေစဉ် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အဆိုပါ ခါးဒဏ်ရာသည် ရေရှည်ကုသရမည့် ရောဂါဖြစ်နေပြီး ယနေ့အချိန်ထိ ကုသမှုခံယူနေသည့် အတွက်ကြောင့် ရုံးတွင်းတာဝန်ထမ်းဆောင်ရာ၌ အခက်အခဲများနှင့် ကြုံတွေ့နေရသဖြင့် ထိခိုက်ဒဏ်ရာရရှိခဲ့မှုအာ စစ်မှုထမ်းဆောင်ခြင်းနှင့် အကျုံးဝင်စေရန်ရင်ဖွင့်ဆွေးနွေးခဲ့ခြင်းဖြစ်ပြီး ရင်ဖွင့်ဆွေးနွေးချက်အားတင်ပြခဲ့ရာ စစ်မှုထမ်းဆောင်ခြင်းနှင့် အကျုံးဝင်စေရေးလိုအပ်သည်များအား စစ်ဆေးဆောင်ရွက်ပေးခဲ့ပါသည်။

၇။ အမတ(—)၊ တွင် တာဝန်ထမ်းဆောင်နေသည့် စစ်သည်တစ်ဦး မှ ၎င်းတို့မြို့တွင် အခြားတပ်များယူနစ်ရိက္ခာ ရရှိသော်လည်း ၎င်းတို့ တပ်ရင်းအနေဖြင့် ယူနစ်ရိက္ခာမရသဖြင့် မိသားစုဝင်များအခက်အခဲဖြစ်နေသဖြင့် လာရောက်ရင်ဖွင့်ဆွေးနွေးခဲ့ခြင်းဖြစ်ပြီး ယူနစ်ရိက္ခာရရှိရေး ၁၆-၁၁-၂၀၂၂ တွင် အထက်ဌာနများသို့ တင်ပြဆောင်ရွက်ပေးခဲ့ပါသည်။

၈။ ခမရ (—) တွင် တာဝန်ထမ်းဆောင်နေသော စစ်သည်တစ်ဦးမှ မှ တပ်ရင်းရေစက် မကောင်းသည့်အတွက် တပ်ရင်းရှိ အရာရှိ/စစ်သည်၊ မိသားစုဝင်များ အခက်အခဲဖြစ်နေပါသဖြင့် ရေစက်အားပြင်ဆင်ပေးနိုင်ရေး(သို့မဟုတ်) အသစ်လဲလှယ်ပေးနိုင်ရေး အကြံပြုဆွေးနွေးလာခဲ့ခြင်းဖြစ်ပြီး အဆိုပါဆွေးနွေးချက်အား တင်ပြဆောင်ရွက်ခဲ့ရာ တပ်ရင်းရှိအရာရှိ၊ စစ်သည်များ ရေရရှိရေးအတွက် တပ်ရင်းရေစက်အား အကြီးစားပြင်ဆင်ခွင့်ရရှိခဲ့ပြီး ရေရရှိရေးဆောင်ရွက်ပေးခဲ့ပါသည်။

၉။ အမှတ်(–) ခြေလျင်တပ်ရင်းတွင် တာဝန်ထမ်းဆောင်နေသော တပ်ကြပ်ကြီး/သားဖွား တစ်ဦးမှ မိဘများမှာ ဆေးအဆင့်နိမ့် (ဂ) အသက်အရွယ်အိုမင်းနေပြီဖြစ်သောဖခင်နှင့် နာတာရှည်ရောဂါခံစားနေရသော မိခင်တို့အား အနီးကပ်ပြုစုစောင့်ရှောက်နိုင်ပါရန် မိဘများနှင့်နီးစပ်ရာတပ်ဖွဲ့တစ်ခုခုသို့ ပြောင်းရွှေ့တာဝန်ထမ်းဆောင်လိုကြောင်း ရင်ဖွင့်ဆွေးနွေးလာခဲ့သဖြင့် ဆွေးနွေးချက်အား သတ်မှတ်ထားသောမူဝါဒများနှင့်ကိုက်ညီမှုရှိ/မရှိ စိစစ်ဆောင်ရွက်ခဲ့ပြီး ကာယကံရှင် စစ်သည်အား မိဘများနှင့် နီးစပ်ရာတပ်သို့ ရွှေ့ပြောင်းခွင့်ရရှိရေး ဆောင်ရွက်ပေးခဲ့ပါသည်။

၁၀။ ကျွန်တော်သည် အမှတ်(—)ခြေမြန်တပ်ရင်းတွင် တာဝန်ထမ်းဆောင်နေသော  တပ်ကြပ် သျှားထက်ကျော် မှ ၎င်း၏သားဖြစ်သူသည် မွေးဖွားစဉ်ကတည်းက ဝမ်းတွင်းကလီစာ များမှာ ဝမ်းဗိုက်ပေါက်၍ ပြင်ပသို့ ထွက်လျက် မွေးဖွားခဲ့ပြီး လစဉ် ၂ ကြိမ် ၃ ကြိမ်ခန့် ပြသကုသလျက်ရှိသဖြင့် အသက်အန္တရာယ်၊ဆေးကုသစရိတ်၊ ဆေးဝါးစရိတ် အခက်အခဲများဖြစ်နေရသဖြင့် တပ်မတော်ဆေးရုံကြီးများနှင့်နီးစပ်ရာ တပ်ရင်း/တပ်ဖွဲ့သို့ ရွှေ့ပြောင်းပေးနိုင်ရေး ရင်ဖွင့်ဆွေးနွေးလာခဲ့သဖြင့် ဆွေးနွေးချက်များအား သတ်မှတ်ထားရှိသော မူဝါဒများနှင့် ကိုက်ညီမှုရှိ/မရှိ စိစစ်တင်ပြဆောင်ရွက်ရွက်ခဲ့ရာ အဆိုပါစစ်သည်အား တပ်မတော်ဆေးရုံကြီး(ခုတင်-၁၀၀၀) နေပြည်တော်သို့ ပြောင်းရွှေ့ခွင့်ပြုခဲ့ပါသည်။