ချီးမြှင့်ထိုက်သူကို ချီးမြှင့်ခြင်းသည်လည်း မင်္ဂလာတစ်ပါးပါ

ရှေ့တန်းမှာ တာဝန်တွေအတူတူထမ်းဆောင်ရင်း တစ်ဆင့်မြင့်ရာထူးရရှိတဲ့ စစ်သည်များကို ဒီလိုစစ်ရေးပြအခမ်းအနားလေး လုပ်ပြီး ရာထူးတွေ တိုးမြှင့်ပေးနေတာပဲဖြစ်ပါတယ်။ အဆင့်တိုးရရှိတဲ့ စစ်သည်များကို ဂုဏ်ပြုတဲ့အနေနဲ့ ရွှေဖီဦးကော်ဖီထုပ်လေးတွေ၊ ဆေးလိပ်ဖက်ကြမ်းလေးတွေ ဝေပေးနေတာကို ကြည့်ရင် ဘယ်လောက်ကြည်နူးစရာကောင်းလိုက်သလဲ..?

တပ်မတော်သားတွေဆိုတာ ရှိတာလေးနဲ့ ရှိတဲ့နေရာမှာ ရှိသလိုပျော်တတ်ကြတာ…ဘယ်လောက်ချစ်စရာကောင်းလိုက်သလဲ? ရှေ့တန်းရောက် တပ်မတော်သားများကို အမြဲတမ်းလေးစားလျက်ပါရှင်..

အဆင့်တိုးတပ်ပေးနေတာ ဆရာကြီးရဲ့ စိတ်ထဲမှာတော့ ပီတီတွေဖြစ်နေလေရဲ့

အဆင့်တိုးနေ့မှာ ပါဝင်အားဖြည့်ပေးနေတဲ့ ရဲဘော်ရဲဘက်များ

အဆင့်တိုးတဲ့ တပ်ကြပ်ကြီးက သူရဲ့စကေးထဲက ကော်ဖီမစ်ထုပ်လေးတွေဝေပေးနေလေရဲ့

တပည့်များကလည်း Congratulation ပါတဲ့ဗျာ