ချစ်ခြင်းမေတ္တာကို တန်ဖိုးထားတတ်သူတစ်ယောက်ရဲ့ ပျော်ရွှင်စရာမွေးနေ့

⚽⚽ ချစ်ခြင်းမေတ္တာနဲ့ ပတ်သက်လာရင် သစ္စာရှိတဲ့ ဘောလုံးသမားတွေထဲမှာ ဆီဗီလာကွင်းလယ်လူ ရာကီတစ်လည်း တစ်ဦးအပါအဝင်ဖြစ်ခဲ့ပါတယ်။ အသက် ၂၁ အရွယ်မှာပဲ ရှော်လ်ကေးအသင်းကနေ ဆီဗီးလားအသင်းထံ ပြောင်းကစားဖို့ ရောက်လာခဲ့တဲ့ ရာကီတစ်ဟာ စပိန်မြေကို ခြေချခဲ့တဲ့ ပထမဆုံးညမှာပဲ သူတည်းခိုခဲ့ရာ ဟိုတယ်ရဲ့ ဘားကောင်တာမှာ အလုပ်လုပ်တဲ့ ကောင်မလေးကို ချစ်ခင်စွဲလမ်းမိခဲ့ပါတယ်။ နောက်ဆုံးမှာတော့ အဲဒီမိန်းကလေးနဲ့ပဲ လက်ထပ်နိုင်ခဲ့ပြီး အခုဆိုရင် ချစ်စရာကောင်းတဲ့ သမီးလေးတွေနဲ့အတူ ပျော်ရွှင်စရာကောင်းလှတဲ့ မိသားစုဘဝကို တည်ဆောက်ထားနိုင်ခဲ့သူဖြစ်ပါတယ်။

ဆီဗီးလားအသင်းနဲ့အတူ ဘောလုံးရာသီလေးခုကြာဖြတ်သန်းခဲ့ပြီးနောက်မှာတော့ ကစားသမားဘ၀ နောက်တစ်ဆင့်တက်ရေးအတွက် ဘာစီလိုနာမှာ သွားရောက်ကစားခဲ့ပါတယ်။ ဘာစီလိုနာအသင်းမှာ ခြောက်ရာသီကြာဖြတ်သန်းခဲ့ပြီးနောက်မှာတော့ ချစ်ခြင်းမေတ္တာကို စတင်တွေ့ရှိခဲ့တဲ့ ဆီဗီးလားမြို့ကို ပြန်လည်ခြေချခဲ့ပြီး လက်ရှိအချိန်မှာတော့ ဆီဗီးလားအသင်းအတွက် ကစားပေးနေခဲ့ပါတယ်။ ၂၀၁၈ ကမ္ဘာ့ဖလားမှာလည်း ခရိုအေးရှားလက်ရွေးစင်အသင်းနဲ့အတူ ဒုတိယဆု ရရှိခဲ့တဲ့ ရာကီတစ်ဟာ ဒီနေ့မှာတော့ အသက် ၃၅ နှစ်ပြည့်သွားခဲ့ပြီဖြစ်ပါတယ်။

credit