ရခိုင်ပြည်နယ်၊ စစ်တွေလေဆိပ်သို လေယာဉ်တစ်စီးဆင်းသက်ပြီး ခရီးသည်များ ဆင်းနေစဉ် လေယာဉ်အင်ဂျင်အား ငှက်ဝင်တိုက်မှုဖြစ်ပွား

အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်းလိုင်း၊လေယာဉ်အမျိုးအစား E-190၊ လေယာဉ် အမှတ် XY-ALO သည် ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၇ ရက်နေ့ ၉ နာရီခန့်တွင် ရန်ကုန်မှ စစ်တွေလေဆိပ်သိုဆင်းသက်ခဲ့ပြီး ခရီးသည်များဆင်းနေစဉ် လေယာဉ်အင်ဂျင်အား ငှက်ဝင်တိုက်မှုဖြစ်ခဲ့သည်ဟု သိရသည်။
အဆိုပါလေယာဉ်သည် ခရီးသည်များအား စစ်တွေလေဆိပ်၌ချထားပြီးနောက် လေယာဉ် အားကြည့်ရှုစစ်ဆေးခဲ့ရာ လေယာဉ်၏ယာဘက်အင်ဂျင်အတွင်း ငှက်တိုက်မိထား သည်ကိုတွေ့ရှိရသဖြင့် ရုံးချုပ်သိုသတင်းပိုခဲ့သည်ဟု သိရသည်။
ထိုနောက် ရုံးချုပ်မှလေယာဉ်ပြုပြင်ပေးမည့် အင်ဂျင်နီယာများနှင့် နောက်ထပ် လေယာဉ်(၁)စီး အားစေလွှတ်ပေးရန် စီစဉ်ဆောင်ရွက်လျက်ရှိပြီး ၎င်းလေယာဉ်ဖြင့် လိုက်ပါမည့်ခရီးသည်များအား ထွက်ခွာဆောင်တွင်နားနေစေကာ ခေတ္တစောင့်ခိုင်းခဲ့ သည်ဟုသိရသည်။
ယင်းနောက် နေ့လည် ၁၂ နာရီ ၅ မိနစ်ချိန်တွင် လေယာဉ် ၁ စီး ထပ်မံရောက်ရှိခဲ့လာပြီး ခရီးသည်များအားတင်ဆောင်ကာ ၁၂ နာရီ ၃၅ မိနစ်တွင် ရန်ကုန်သိုပြန်လည်ထွက်ခွာ သွားခဲ့သည်ဟု သိရှိရပါတယ်ရှင်။