ကွမ်းလုံ-နမ့်ဆမ်လမ်းကြောင်း၌ တိုက်ပွဲဖြစ်ပွား

မတ် ၇ ရက်က ရှမ်းပြည်နယ်(မြောက်ပိုင်း) ကွမ်းလုံ-နမ့်ဆလပ်လမ်းကြောင်း လမ်းလုံခြုံရေးဆောင် ရွက်ရန် ထွက်ခွာလာသည့် စကစစစ်ကြောင်းသည် နန်ချိုကျိုင်းကျေးရွာ၏ အရှေ့ဘက်သို့အရောက် KIA၊ PDF ပူးပေါင်းအင်အား ၁၀ ဦးခန့်နှင့် တွေ့ဆုံပြီး တိုက်ပွဲဖြစ်ပွားခဲ့ရာ-
၃၅ နှစ်ခန့် KIA ယူနီဖောင်းဝတ် ကျား ၁ လောင်းအား သိမ်းဆည်းရရှိခဲ့ပြီး ကျန် KIA၊ PDF များဆုတ်ခွာထွက်ပြေးသွားခဲ့ပါတယ်..

၎င်းဖြစ်စဉ်နေရာသို့ လာရောက်ပူးပေါင်းသည့် စကစတပ်များကို ဖာဆန်ကျေးရွာအနောက်တောင်ဘက်မှာ KIA၊ PDF ပူးပေါင်း ၁၅ ဦးခန့်က ပစ်ခတ်တိုက်ခိုက်သဖြင့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ-
K-12 ၁ လက်၊ ကျည်အိမ် ၁ ခု၊ ကျည် ၃၀ တောင့် သိမ်းဆည်းရမိခဲ့ပြီး စကစဘက်ကတော့ ထိခိုက်မှုမရှိခဲ့ဘူးလို့ သိရပါတယ်..