ကြက်မတွေရဲ့ အမြင့်ဆုံးဥနှုန်း ထိန်းထားနိုင်ဖို့

ကြက်ဥမှာ ဆိုရင် ရေ၆၆% ၊ ပရိုတိန်း၁၃%၊ အဆီ၁၀%၊ သတ္တု ၁၁% နဲ့ အာဟာရဓာတ် အများကြီးပါဝင်ပါတယ်။
စားသုံးမှု ဝယ်လိုအားကလည်းမြင့်တာမို့ ဥစားကြက်မွေးမြူရေးသမားတွေလည်း စနစ်တကျနဲ့မွေးနိုင်ရင် အကျိုးအမြတ်များပါတယ်။
ဥစားကြက်မွေးမြူသူတွေ အနေနဲ့ မိမိတို့ခြံထဲမှာ ကြက်ဥနှုန်းမြင့်မားစေဖို့အတွက်ဆိုရင် ထုတ်လုပ်မှုကျဆင်းစေမယ့်
ရောဂါနဲ့ မည့်သည့် စိတ်ဖိစီးမှုကိုမဆို လေ့လာစောင့်ကြည်ရန်နဲ့ အထူးသတိပြု ရှောင်ရှားရန်တွေ လိုအပ်ပါတယ်။
အချိန်ကြာကြာနဲ့ အမြင့်ဆုံးဥနှုန်းကို ထိန်းထားဖို့အတွက်ဆိုရင်
(၁) အာဟာရပြည့်ဝစွာ ရရှိစေဖို့အတွက် အစာနဲ့ရေကို ထောက်ပံ့ပေးရပါမယ်။
(၂)ကြက်မများကို မခြောက်လှန့်ရပါ။ ခြောက်လှန့်ပါက ထုတ်လုပ်မှုအပေါ် ဆိုးရွားတဲ့ အကျိုးဆက် ဖြစ်ပေါ်နိုင်ပါတယ်။
(၃)အပူချိန်၊ စိုထိုင်းဆနဲ့ လေဝင်လေထွက်တို့ မျှတတဲ့ ပတ်ဝန်းကျင် ဟုတ်မဟုတ်လည်း စစ်ဆေးပေး ရပါမယ်။
(၄)အဖြူရောင်ဥ ကြက်မတွေအတွက် ကြက်အသက် (၂၀)ပတ်သားက စပြီးတော့ အလင်းထိုးပေး သင့်ပါတယ်။
လျှပ်စစ်မီးသီးတွေလည်း သန့်ရှင်းနေရပါမယ်။
(၅)အပူချိန် ရုတ်တရက်ကျဆင်းခြင်းကဲ့သို့သော ပတ်ဝန်းကျင်ပြောင်းလဲမှုက ကြက်ဥထုတ်လုပ်မှုအပေါ် မကောင်းတဲ့
အကျိုးဆက်များဖြစ်နိုင်ပါတယ်။
(၆)တချို့ကြက်မွေးတောင်သူတွေက ကြက်ဥစဥချိန်မှာ ကာကွယ်ဆေးထိုးဖို့ မေ့ကျန်ခဲ့တဲ့အတွက် ဥနှုန်း မြင့်နေချိန်မှာ
ကာကွယ်ဆေးထိုးတတ်ကြပါတယ်။ ဒါဟာ ဥနှုန်းကျဆင်းစေနိုင်တဲ့အတွက် ကြက်ဥနေတဲ့ ကာလမှာ ကာကွယ်ဆေးမထိုးသင့်ပါဘူး။
(၇)ဥနှုန်းအမြင့်ဆုံးရောက်ရှိနေချိန်မှာ ရောဂါခုခံနိုင်မှု လျော့ကျနေတဲ့အတွက် ၎င်းအချိန်မှာ ရောဂါတွေနဲ့ ထိတွေ့မှု မရှိစေရန်လည်း
သတိပြုရပါမယ်။ အရေးကြီးဆုံးအချက်ကတော့ ကြက်လည်လိမ်ရောဂါနဲ့ ဥနှုန်းကျရောဂါကာကွယ်ဆေးများကို ဥမစမ်းခင်အချိန်တည်းက
ထိုးနှံပြီးသားဖြစ်ရပါမယ်။