ကျောက်ဖြူမြို့နယ်အတွင်းရှိ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ပေး

မတ်လ ၁၂ရက်က တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်)သည် ကျောက်ဖြူမြို့နယ်၊ စနဲမြို့၊ ရေတပ်ဆိပ်ခံတံတားသို့ရောက်ရှိပြီး  စနဲမြို့တိုက်နယ်ဆေးရုံ၌ အခြေပြု၍ အဆိုပါ မြို့အတွင်းရှိ ကျေးရွာများနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူ ၉၀၇ ဦးအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ပါတယ်။

ဆေးကုသမှုဆိုင်ရာရောဂါ ၂၂၂ ဦး၊ ခွဲစိတ်ရောဂါ ၅၄ ဦး၊ သားဖွား/ မီးယပ်ရောဂါ ၂၃ ဦး၊ ကလေးရောဂါ ၃၇ ဦး၊ အရိုးရောဂါ ၁၅၇ ဦး၊ နား/ နှာခေါင်း/ လည်ချောင်းရောဂါ  ၆၇ ဦး၊ မျက်စိရောဂါ ၂၅၁ ဦးနှင့် သွားနှင့်ခံတွင်းရောဂါ ၉၆ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။ ထို့အပြင် ခွဲစိတ်ကုသရန် လိုအပ်သူ အထွေထွေခွဲစိတ်လူနာ ၁၂ ဦး၊ မျက်စိခွဲစိတ်လူနာ ၆ ဦး၊ ဓာတ်မှန်ရိုက်လူနာ ၂ ဦး၊ အာထရာဆောင်းဖြင့် စမ်းသပ်စစ်ဆေးလူနာ ၇၂ ဦး၊ ECG ဖြင့် နှလုံးစမ်းသပ်လူနာ ၅၇ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၂၉ ဦးတို့ကို ရောဂါရှာဖွေစမ်းသပ်ကုသပေးခြင်းများ ဆောင်ရွက်ပေးခဲ့တယ်လို့ သိရပါတယ်။

 ဒေသခံပြည်သူများက-

“ဆီးလမ်းကြောင်းမှာ ကျောက်တည်တယ်ဆိုပြီးတော့ ရန်ကုန်မှာနေတုန်းက ဆေးခန်းမှာ ပြခဲ့တယ်။ အဲ့ဒါကြောင့် ဒီမှာ Ultrasound လာပြီးရိုက်တာပါ။ ကျေးဇူးတင်ပါတယ်။ ဘာလို့ဆို ဒီလို ခက်ခဲနေတဲ့အချိန်မှာ ပိုက်ဆံမကုန်ဘဲလာပြလို့ရတဲ့အတွက် ကျေးဇူးလည်းတင်ပါတယ်။ အရမ်းကြီး ဒီလိုမျိုး Ultrasound ရိုက်မယ်ဆိုရင် ဒီမှာကရိုက်လို့သိပ်အဆင်မပြေဘူး။ ရန်ကုန်တွေ၊ ကျောက်ဖြူတွေသွားရတော့ ပိုက်ဆံတွေ ကုန်ပါတယ်။ ဒီမှာကျတော့ ဒီလိုမျိုးပြလို့ရတယ်ဆိုတော့ အဆင်ပြေတာပေါ့။ လာစေချင်တယ် ဘာဖြစ်လို့လဲဆိုတော့ နောက်ထပ်မသိလိုက်လို့ လာမပြလိုက်ရတယ်လူ လဲရှိမယ်။ နောက်တစ်ခါ လာပြမယ်ဆိုရင် ပိုပြီးအဆင်ပြေသွားတာပေါ့။ ဒီထက်လည်းအများကြီး ကုပေးနိုင်ပါစေ။ နိုင်ငံတော်အကြီးအကဲနှင့် ဆေးကုပေးတဲ့ဆရာဝန်အဖွဲ့ကိုလည်း ကျေးဇူးတင်ပါတယ်။” ဆိုပြီး ကြားိရပါတယ်ရှင်.,..